အပိုင်း ၂၂ - Baptism

772 167 11
                                    

Unicode

အရုဏ်တက်ချိန်သည် အခန်းထဲသို့ ဖြည်းညင်းစွာ စိမ့်ဝင်လာပြီး နံနက်ခင်း ငှက်ရုပ်များကို ပိတ်စလေးများပေါ်တွင် ရိုက်နှိပ်ထားသည်။

နွေးထွေးသောစောင်အောက်တွင် ဖုန့်ဟွာသည် ဖုန့်ယဲ့ရန်ကို အနောက်ကနေ ပွေ့ဖက်ထားပြီး "ယဲ့အာ.. ယဲ့အာ.. နိုးလာပြီလား" ဟု တိုးတိုးလေးမေးလိုက်သည်။

ဖုန့်ယဲ့ရန်သည် တုန်လှုပ်သွားသော်လည်း ချက်ချင်းပြန်အိပ်ပျော်သွားသည် ။

"မအိပ်နဲ့ မနေ့ က နှိုးခိုင်းတာ မှတ်မိလား"

"အမ်... အိပ်ချင်တယ်...."

ဖုန့်ဟွာသည် သူ့ကိုယ်သူ မတ်တတ်ထရပ်လိုက်ကာ ဖုန့်ယဲ့ရန်၏ရှုပ်ပွနေသောဆံပင်နှင့် မှိန်းနေသောအမူအရာကိုကြည့်ရင်း တိတ်တဆိတ်ရယ်မောလိုက်သည်။ ဖုန့်ယဲ့ရန်ကို ပြန်မပွေ့ဘဲ မနေနိုင်တော့ပေ။ ပါးစပ်ကိုဖွင့်ကာ လည်ပင်းကို မှီကာ နူးနူးညံ့ညံ့လေး နမ်းလိုက်ပြီး အရသာကောင်းသည်ဟု ခံစားပြီးနောက် ညင်သာစွာ ကိုက်လိုက်သည်။

ဖုန့်ယဲ့ရန်က ကြောင်တက်တက်ဖြင့် ရုန်းကန်လာခဲ့၏။ "ရပ်လိုက်!"

ရလဒ်အနေနဲ့ ဖုန့်ဟွာကရင်ဘက်က ပွင့်လွှာတွေကို ရန်ရှာလာချိန် ချက်ချင်းထခုန်ပြီး မျက်နှာနီရဲကာ လည်ပင်းကို အုပ်လိုက်သည်။ "မင်းလူမိုက်..."

ဖုန့်ဟွာကတော့ အပြစ်ကင်းစွာ ပြုံးလိုက်၏။ "နိုးပြီလား!"

ဖုန့်ယဲ့ရန်အေးခဲသွားသည်။ "ငါတို့ ဘယ်လိုပြန်အိပ်ကြမလဲ"

"ဘယ်သူလဲတော့ မသိပါဘူး။ ခုနောက်ပိုင် ညတိုင်း သူ့ဘာသာသူ အိပ်ဖို့ အကျယ်တ၀င့် မပြောဘဲ ညနက်သန်းခေါင်မှာ ကျွန်တော့်တံခါးကို အမြဲလာဖွင့်ပြီး စောင်တွေအောက်ကနေ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေ့ရှိတဲ့တစ်ယောက်ရှိတယ်။ သူ အိပ်ယာထဲမှာ အိပ်မက်ယောင်တိုင်း ကျွန်တော့်နာမည်ကို ခေါ်နေတယ်..."

"သေချာတာက ငါမဟုတ်ဘူး! အဲ့ဒါကလေးတွေပဲလုပ်တာ!" ဖုန့်ယဲ့ရန်က ငြင်းသည်။

ဖုန့်ဟွာသည် မျက်ခုံးပင့်လိုက်၏။ "ဟုတ်တယ်၊ ယဲ့အာမဟုတ်ဘူး။ ဖုန့်ယဲ့ရန်လို့ ခေါ်တဲ့ ကလေးပဲ !"

Monster {Completed}Tempat cerita menjadi hidup. Temukan sekarang