အပိုင်း ၃၁ - အမှန်တရား (၂)

1K 151 30
                                    

Unicode

၅.

ဆယ်နှစ်လုံးလုံး သူသည် မရေတွက်နိုင်သည့် ကမ္ဘာပေါင်းများစွာကို ဖန်တီးခဲ့သည်။ သူ့ကိုယ်သူပြောခဲ့သည့်အတိုင်းပင်

"ငါက အမြဲ..အမြဲတမ်း ပြင်းပြတဲ့ ဆာလောင်မှုရှိတယ်။ မွေးကတည်းက မဟုတ်ဘူး.. အဲ့ထက်တောင် စောနိုင်သေးတယ်။ ငါက အဲ့ဒါရဲ့ ဝါးမျိုတာကို ခံစားရပြီးသား။ အဲ့ဒါက မီးလုံးတစ်လုံးက ချောက်နက်ကြီးထဲကို တစ်လိမ့်ချင်းလိမ့်ပြီး တည်ငြိမ်တဲ့အရှိန်နဲ့ အောက်ဆင်းသွားတာမျိုး"

သူ့ဆာလောင်မှုက သူကို ကမ္ဘာတွေကို ဆက်တိုက်ဖန်တီးစေသည်။ ဆက်တိုက်ဖျက်စီးစေသည်။ ပြီးတော့ သူသည် ဘယ်တော့မှ အချစ်မခံရဘဲ ထာဝရခံစားနေရမည်ဖြစ်သည်။ ကမ္ဘာကြီးရဲ့ မူသေ စည်းကမ်းကိုယ်က ပုံပွား၊ ပြန်ဖန်တီးပြီး သူ့အတွက် အကြီးဆုံးလှောင်အိမ်ကြီး ဖြစ်လာသည်။

သူက လှောင်အိမ်ထဲက မကောင်းဆိုးဝါးတစ်ကောင်။

အချစ်ကို အမြဲဆာလောင်နေမယ့် ဘယ်တော့မှမရနိုင်တဲ့ မကောင်းဆိုးဝါး။

၆.

ပြီးတော့ တကယ်က ဖုန့်ယဲ့ရန် အသက်ရှင်စဥ်က ဖြစ်လာဖို့မျှော်လင့်ထားသည့် အရာဖြစ်သည်။

ထို့ကြောင့် ဒီတစ်နှစ်ခွဲအတွင်းမှာ သူက ဖုန့်ဟွာနဲ့ အတူရှိနေပေးခဲ့သည်။ သူသည် ရွှေရောင်မှတ်စုစာအုပ်သာမက တစ်စုံတစ်ခုကိုပါ ပြုလုပ်ပေးခဲ့သည်။

သူနှင့်သူ့အဖွဲ့က အချိန်တွေများစွာကို သူ့စိတ်ဆန္ဒတွေကို စုစည်းပြီး ဖုန့်ဟွာ၏ဦးနှောက်ထဲတွင် စိုက်ပျိုးဖို့ ကြိုးစားခဲ့သည်။

သူသေဆုံးပြီးနောက် သူ့ရဲ့ အသိစိတ်လေးက ဖုန့်ဟွာရဲ့ ဦးနှောက်ထဲမှာ အမြဲရှင်သန်ကြီးထွားနေခဲ့သည်။ နည်းပညာအသစ်ဖြစ်သည့်အားလျှော်စွာ ဖုန့်ဟွာ၏ အသိစိတ်က ပိုပြီး စွမ်းအားကြီးနေသည်။ ထို့ကြောင့် ဖုန့်ဟွာကိုသူသည် အိပ်မက်ထဲမှသာ ဆက်သွယ်နိုင်ခဲ့သည်။

အဲ့ဒါက အချိန်ငါးနှစ်တောင် ကြာသွားခဲ့သည်။

ဖုန့်ဟွာခေါင်းထဲမှာအမြဲရှိနေသည့် အဖြူရောင်အရိပ်လေးသည် ဖုန့်ယဲ့ရန်၏ အသိစိတ်ပင်ဖြစ်သည်။

Monster {Completed}Where stories live. Discover now