အပိုင်း ၁၅ - ထုတ်ဖော်ခြင်း

936 199 22
                                    

Unicode

ဖုန့်ဟွာက အိမ်မက်တစ်ခုမက်သည်။ အိမ်မက်ထဲမှာ သူက စက္ကူပင်လယ်ပြင်ကြီးပေါ်လဲလျောင်းနေပြီး စက္ကူတစ်ရွက်ချင်းစီမှာ စာလုံးတွေပြွတ်သိပ်ရေးထားကာ သူကတော့ရှင်းရှင်းလင်းလင်း ဖတ်မရချေ။ အဖြူရောင်အရာက လေဟာနယ်ထဲမှာမျောနေပြီး သူ့အပေါ်တည့်တည့်မှာ ရပ်သွားကာ သူ့ကိုကြည့်ရင်း သူ့နာမည်ကို ခပ်တိုးတိုးခေါ်လာသည်။

ဖုန့်ဟွာ

ဖုန့်ဟွာ

ဖုန့်ဟွာ

ဖုန့်ဟွာက သူ့နာမည်ကိုခေါ်နေတဲ့လူတစ်စုရှေ့မှာနိုးလာလေသည်။

"ဖုန့်ဟွာ.. ထတော့ ငါတို့ဒီမှာ"

အဲံဒီနေ့မှာ ဇာတ်လမ်းတွဲအတိုရိုက်တဲ့အဖွဲ့နှင့် သုတေသနဌာနက သူတို့သည် အတူတူညစာစားကြမည်ဖြစ်သည်။ သူတို့က ဟိုတည်တစ်ခုကို ဘိုကင်ယူထားပြီး တစ်ညလုံး ပါတီမှာ ကဲကြမည်ဖြစ်သည်။

ဒုတိထပ်ရဲ့ ပြတင်းပေါက်ဘေးမှာရပ်နေရင်း ဖုန့်ယဲ့ရန်က ဟိုတည်အပြင်လက်က လူအုပ်လိုက်ကြီးကို မြင်လိုက်ရသည်။ မိန်းမငယ်လေးတွေက ဆိုင်းဘုတ်တစ်ချို့ကို ကိုင်ကာ တစ်စုံတစ်ခုကို အော်ဟစ်နေကြသည်။ တစ်ခါတစ်လေ သူက "ဖုန့်ဟွာ" "ချစ်တယ်" ဆိုပြီးအော်တာတွေကိုတောင်ကြားရသည်။ သူ့ဖန်တွေက ဟိုတည်ဝင်ပေါက်ကို ပိတ်ထားပြီ။

ဖုန့်ဟွာက အရပ်လုံးဝရှည်နေပြီး လူအုပ်ထဲကနေ ထင်းထွက်နေသည်။

ကျောင်းသူလေးတွေက သူ့ကိုလက်ဆောင်တွေပေးနေကြပြီး လက်မှတ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ခွင့်တောင်းလာကြသည်။

သူက ဟိုတယ်ထဲကိုဝင်လာကတည်းက သူ့ဖန်တွေက တံခါးအပြင်နားမှာရပ်နေကြတာဖြစ်သည်။ ဖုန့်ယဲ့ရန်က ဖုန့်ဟွာ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို ပထမဆုံးအကြိမ်သိလိုက်ရတာလည်း ဖြစ်သည်။

ပထမဆုံး သူ့ဆီကို တစ်ယောက်နှစ်ယောက်ပဲလမ်းလျှောက်လာကြပေမယ့် မကြာခင်မှာတော့ သူက အာရုံစူးစိုက်ရာ ဗဟိုချက်ကြီးဖြစ်လာသည်။ စပ်စုချင်တဲ့လူတွေက သူနဲ့ ဓာတ်ပုံရိုက်ရင်း၊ အင်တာဗျူးရင်း၊ တစ်ခါတစ်လေမှာ ရှက်သွေးဖြာသွားတဲ့ကောင်မလေးတွေတောင် ဝန်းရံနေသေးသည်။

Monster {Completed}Where stories live. Discover now