အပိုင်း ၁၂ - ဂါထာ

974 214 8
                                    

Unicode

နိုဝင်ဘာ ၉ ရက်နေ့ ၂ နာရီ ၃၀ မိနစ်မှာ ဖုန့်ယဲ့ရန်က စောင့်ကြည့်ကင်မရာခန်းထဲမှာ ထိုင်နေရင်း ဖန်သားပြင်ကို ငေးကြည့်နေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်ဝန်းအောက်မှာလည်း နက်ရှိုင်းတဲ့ အမည်းရောင်ချိုင့်ကြီး ရှိနေပြီဖြစ်ကာ ဆံပင်ကလည်း ရှုပ်ပွနေပြီး မေးစေ့မှာတောင် အမှိုက်တစ်စကပ်နေသေးသည်။ သူ့ကိုယ်ကိုယ် တစ်ကိုယ်ရည်သန့်ရှင်းရေးမလုပ်ဖြစ်တာ ရက်တွေကြာနေပြီဆိုတာ အသိအသာ။ လောင်ကျန်းတောင် ဒီလောက်စိတ်မရှည်ဘဲ သူ့အခန်းလေးမှာ ပြန်အိပ်နေပြီဖြစ်သည်။ သူကတော့ ဖန်သားပြင်ကို စဥ်ဆက်မပြတ်စောင့်ကြည့်ကာ အခန်းထဲလူးလားခေါက်ပြန် လျှောက်နေလေသည်။ သူက ဖုန့်ဟွာကို နိုးဖို့ကြိုးစားနေတာလည်း ဟုတ်သလို သူ့ဘာသာ စကားပြောနေတာလည်း ဟုတ်လေသည်။

သူ့အစာအိမ်က ထုံကျဥ်နေပြီး အသိတွေကလည်း မနည်းကပ်ထားရတာပင်။ သူ့မျက်ခွံတွေက တိုက်ပွဲဝင်နေရပေမယ့် သူကတော့ ခေါင်းမာနေဆဲ။ သူက နိုးနေတယ်လို့လည်း ထင်သလို မြင်ကွင်းတွေကို မြင်နေတယ်လို့လည်း ထင်နေသည်။

သူကလေးဘဝကို သတိရသည်။ သူလေးစားရလွန်းသည့် သူ့အဖေကိုလည်း သတိရသည်။

သူ့အဖေနဲ့မတွေ့ခင်က သူ့အမေရဲ့ပြောစကားတွေအရ သူ့အဖေက သူ့အမေအတွက် ပျော်ရွှင်မှုကို ဆောင်ကျဥ်းပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်လို့ မြင်ယောင်ခဲ့သည်။

အဲ့ဒီတုန်းက သူက သူ့အမေနဲ့ စုတ်ပြတ်နေတဲ့ မြေအောက်သုံးလွှာမှာနေခဲ့သည်။ ခေါင်မိုးတွေက ဘယ်အချိန်မဆို လေပြင်းနဲ့အတူ လွင့်ပါသွားနိုင်သည့်အချိန်တွင် အမြဲတမ်း ထိုစွမ်းအားရှင်က သူ့ကို လာခေါ်ဖို့ မျှော်လင့်ခဲ့သည်။ သူရှစ်နှစ်အရွယ်မှာတော့ ထိုလူကြီးရောက်လာခဲ့ပါသည်။ ထိုလူကြီးက ရုပ်တည်ကြီးနဲ့ ပြုံးခဲတဲ့ အေးစက်စက်လူကြီးတစ်ယောက်လည်း ဖြစ်နေပြန်သည်။ သူ့အမေက ထိုလူကြီးရှေ့မှာ တစ်ညလုံး ဝရံတာအပြင်ဘက်၌ ဒူးထောက်နေခဲ့ဖူးသည်။

ဒါပေမယ့် ဖုန့်ယဲ့ရန်အဖေက မပြုံးတာတော့ မဟုတ်ဘူး။ သူက ပြုံးတယ်။ အထူးသဖြင့် သူ့ထက် ၁၂နှစ် တိတိကြီးတဲ့ ဖုန့်ပေါ်ရန်ရှေ့မှာပေါ့။

Monster {Completed}Where stories live. Discover now