အပိုင်း ၁၆ - သစ္စာဖောက်ခြင်း

856 189 21
                                    

Unicode

ဖုန့်ယဲ့ရန်က သူ့ကိုယ်သူ ဖုန်းကွယ်ရန် ဦးထုပ်တစ်လုံးနဲ့ နှာခေါင်းအုပ်တစ်ခုကို ဝတ်ဆင်လိုက်သည်။ ထို‌့နောက် သူ့အိမ်က ပြတင်းပေါက်ကိုဖွင့်ကာ ပါပါရာဇီတွေကိုရှောင်ရင်း တက္ကစီတစ်စီးငှားကာ ဖုန့်မိသားစုစံအိမ်ကို တိုက်ရိုက်သွားလိုက်သည်။ ထိုနေရာက သူ့အတွက် ရင်းနှီးသလိုလိုနဲ့ မရင်းနှီးတဲ့နေရာလည်းဖြစ်သည်။ သူ့အဖေ ခေါ်လာခဲ့သည့် ရှစ်နှစ်မှသည် သူ့အမေသေဆုံးခဲ့သော ဆယ့်ရှစ်နှစ်အချိန်အထိ ဆယ်နှစ်ကြာ ထိုနေရာမှနေခဲ့ပေမယ့် ထိုနေရာသည် စိမ်းသက်နေသေးသည်။ ယခုတော့ ထိုနေရာတွင့် ဖုန့်ပေါ်ရန်နှင့် သူ့ချစ်ဇနီး ချန်ရွှမ်အတူနေလေသည်။

သူချန်ရွှမ်ကို ဘယ်လောက်ပဲခေါ်ခေါ် ဖုန်းက ချခံလိုက်ရတာမဟုတ်ရင် ပါဝါပိတ်ထားသည်သာဖြေသည်။ သူတကယ့်ကို သူမအတွက် စိုးရိမ်မိပါသည်။ သူမက သူ့ကို သစ္စာဖောက်လိမ့်မည်ဆိုသည်ကို ယခုထိတိုင် မယုံနိုင်သေးချေ။ သူက ဖိအားပေးခံရတာဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် သူမနှင့်တွေ့မှဖြစ်မည်။

သေချာသလောက်ကို လူတော်တော်များများက အိမ်ရဲ့ အဓိက တံခါးရှေ့မှာ စုအုံနေပြီဖြစ်ကာ ထိုနေရာမှ ဝင်ရောက်ရန်တော့ မည်သို့မှမဖြစ်နိုင်ပေ။ သူက ဘေးဝင်ပေါက်သေးသေးလေးကို သွားလိုက်ကာ ဂင်းဂိုပင်တွေနှင့် ခဲလုံးလေတွေရှိသောရေကန်လေးတွေရှိသော သစ်တောဧရိယာကြီးကို ဖြတ်ဝင်လိုက်သည်။ ထိုနေရာသည် သူငယ်ငယ်က အိမ်စာတွေပြီးလျှင် ပတ်ပြေးလေ့ရှိသော၊ တစ်ဦးတည်း ခရစ်ကတ်ကစားနိုင်သော၊ ရွှေငါးတွေဖမ်းနိုင်သော သူအကြိုက်ဆုံးနေရာဖြစ်သည်။ တစ်ခါတစ်လေ သူဆူခံရချိန်တွင် တစ်ယောက်ထဲ ကျောက်ဆောင်တွေကြားမှာ ပုန်းကွယ်ကာ ငိုရှိုက်ရာနေရာလည်းဖြစ်သည်။

သူက အနည်းငယ် ပျံ့လွင့်သော နိုဝင်ဘာရဲ့ လေပြည်တွေကြောင့် ဂင်းဂိုရွက်တွေ ကြဲပြန့်နေသော နေရာထဲတွင် မတ်တပ်ရပ်နေသည်။ သူက ပုန်းကွယ်ရင်း၊ စောင့်ရင်း၊ ပုန်းကွယ်ရင်း စောင့်လျက်ရှိသည်။ သူက အစေခံတွေကို မတွေ့စေချင်သလို၊ သူ့ကိုမုန်းသည့်သူတွေကိုလည်း မတွေ့စေချင်ပါပေ။ သို့ပေသည့် သူသည် ချန်ရွှမ်ကိုတော့ တွေ့ချင်ပါ၏။ သူမကိုတွေ့ကာ သူမက 'ယဲ့ရန် ကျွန်မဖိအားပေးခံရတာပါ။ ‌တောင်းပန်ပါတယ်... ခွင့်လွှတ်ပေးပါ' ဟုပြောတာကိုတော့ ကြားချင်ပါ၏။ ဒီစကားလေးတွေကြားရင်တောင် သူသည် ကျေနပ်နိုင်ပါသည်။

Monster {Completed}Where stories live. Discover now