အပိုင်း ၂၁ - နွေး‌ထွေးမှု

844 171 16
                                    

Unicode

ရှုပ်ထွေးနေသော ဆံပင်နက်နက်တွေ၊ သွေးစွန်းနေသော လက်နှစ်ဖက်နှင့် ကြောက်စရာကောင်းသော အပြုံးတစ်ခုတင်ထားသည့် မျက်နှာသည်လည်း သွေးတွေတင်ကျန်ရစ်နေဆဲပါပင်။ ထိုအရာသည် ဖုန့်ဟွာ၏မျက်နှာဆိုသည်မှာ ထင်ရှားသော်လည်း ဖုန့်ယဲ့ရန်သည် ဖုန့်ဟွာ၏ မျက်နှာပါဟု ပြောရန် တိတိကျကျအမှတ်အသားများပင် ရှာမတွေ့ပါခဲ့။

"မင်းဘယ်သူလဲ? အနားကပ်မလာနဲ့နော်"

"ဖုန့်ဟွာလေ...မကြောက်ပါနဲ့" ဖုန့်ဟွာ၏မျက်နှာသည် ဖြူစင်နေပြီး အသံကလည်း နူးညံ့နေ၏။

သို့ပေသိ ဖုန့်ယဲ့ရန်သည် သွားများတစ်ချက်ချက်ရိုက်သည်အထိကို ကြောက်ရွံ့နေပါသည်။ "မဟုတ်ဘူး! မင်းက ဖုန့်ဟွာမဟုတ်ဘူး! ဖုန့်ဟွာက ဒီလောက် မရက်စက်တတ်ဘူး! မင်းက တံခါးတွေရောဖျက်စီးပြီး အခန်းတစ်ခုလုံးရော ခြေမွပစ်တာ! နောက်တစ်စက္ကန့်အတွင်း ငါ့လည်ပင်းကိုတောင် မင်းချိုးပစ်နိုင်တယ်! ဖုန့်ဟွာက ဘယ်တော့မှ အဲ့လိုမလုပ်ဘူး!!"

"ဘယ်လိုလုပ်ကျွန်တော်က —"

ဖုန့်ယဲ့ရန်က သူ့လက်နားက တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ရင်း ထိုသူအား ထိုးစိုက်လိုက်သည်။ ပါးစပ်ကလည်း ကြောက်ရွံ့စွာ ကယောင်ကတန်းအော်ဟစ်နေပါ၏။

"မင်းက ဖုန့်ဟွာမဟုတ်ဘူး! ထွက်သွား! ထွက်သွား! ထွက်သွားစမ်း!"

လေးလံလှသည့် သံသေတ္တာနှင့် နဖူးကို ထိမှန်သွားသည်ဖြစ်တာကြောင့် ထိုယောက်ျားသည် ဒူးထောက်ကျသွားရုံသာမက နူးညံ့သောအသံသည်လည်း ကြမ်းတမ်းလာလေသည်။ သူ့ခန္ဓာကိုယ်က ကွဲအက်လာကာ သူ့ဆံပင်ကောက်ကောက်တွေက ဘယ်ဘက်ခြမ်းကို ဖုန်းကွယ်လို့ထားသည်။

"ခင်ဗျားစိတ်ထဲက ဖုန့်ဟွာက ဘယ်လိုမျိုးလဲ? နာခံမှုရှိတဲ့စမ်းသပ်မှုတစ်ခု? အသိဉာဏ်မရှိတဲ့ ကလေးလေး? စိတ်မတိုနိုင် ပြန်မခုခံနိုင်တဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်? ခင်ဗျားကျွန်တော့်ကို လုံးဝမသိဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ အစစ်အမှန်ကြောက်မက်ဖွယ်ဘက်အခြမ်းကို လက်မခံနိုင်တာ... ခင်ဗျားက ကျွန်တော့် တည်ရှိမှုကို ငြင်းဆန်နေတာလား? ကျွန်တော်ပြောလိုက်မယ်... ကျွန်တော်က အခုထက် ဘယ်တော့မှ ပိုစစ်မှန်တော့မှာမဟုတ်ဘူး။ ကျွန်တော်ကြီးပျင်းလာတဲ့တစ်လျှောက် ဘယ်လောက်သည်းခံခဲ့ရလဲ ခင်ဗျားသိလား? ဘယ်လောက်တောင် ကျွန်တော် ဖုံးကွယ်ခဲ့ရလဲ။ ကျွန်တော် ကြောက်လာတိုင်း အဆင်ပြေပါတယ်လို့ပြောခဲ့တယ်။ ကျွန်တော်အရမ်းမုန်းရင်တောင် ခင်ဗျားက လက်ခံလို့ပြောတာနဲ့ လက်ခံလိုက်တာပဲ။ ကျွန်တော် ဘယ်လောက်နာကျင်နာကျင် ဘာမှမဖြစ်သလို ဟန်ဆောင်ခဲ့တာ... ကျွန်တော်ခင်ဗျားကို အရမ်းသဘောကျတာ။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ချန်သွားတာကို ထပ်ခါထပ်ခါသည်းခံခဲ့ရတယ်။ ကျွန်တော် သည်းခံတယ်! ဒါပေမယ့် လုံလောက်ပြီ! လုံလောက်လွန်းပြီလို့!"

Monster {Completed}Where stories live. Discover now