အပိုင်း ၁၇ - အလှည့်အပြောင်း

892 195 22
                                    

Unicode

ထိုနေ့လည်တွင် ဖုန့်ပေါ်ရန်သည် သတင်းစာရှင်းလင်းပွဲအသစ်တစ်ခု ကျင်းပခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲသည် ချန်ရွှမ်၏ သေဆုံးမှုကြောင့် သက်ရောက်မှုအလွန်ကြီးခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ဖုန့်ပေါ်ရန်က ချန်ရွှမ်၏သေဆုံးမှုက မရိုးရှင်းကြောင်းကြေငြာခဲ့သည်။ သူက ရဲသားတွေက ထိုသည်က လူသတ်မှုဖြစ်သောကြောင့် တရားခံကို မြန်မြန်ဖမ်းပေးကာ ထောင်ချပြီး ဒီဝမ်းနည်းဖွယ်ကြေကွဲစရာ ဖြစ်ရပ်ကို လက်စားချေ‌ပေးဖို့ တောင်းဆိုခဲ့သည်။ ဖုန့်ပေါ်ရန်က သူကိုယ်တိုင်သည်လည်း အန္တရာယ်ကြားထဲရောက်နေပေမယ့် အမှန်တရားကို သိရဖို့အတွက် သူ့အသက်ကိုပင် စွန့်စားဝံ့ကြောင်းဆိုခဲ့သည်။ သူက သက်သေခံစာရွက်စာတမ်းများအကုန်လုံးနည်းပါးကို ချပြခဲ့ပြီး "Adesir လူသားသစ်၏ ဒုတိယမျိုးဆက်" ဆိုပြီး ကြေငြာခဲ့သည်။

ဖုန့်ဟွာက သုတေသနဌာနတွင် ေခတ္တနေထိုင်ခဲ့သည်။ ထိုနေရာသည် လုံးလုံးကို ရဲတွေ၏လက်‌အောက်ကို ကျရောက်နေပြီး တောင်းဆိုခြင်းမရှိဘဲနဲ့တောင် သတင်းအချက်အလက်တွေကို ထုတ်ယူနိုင်လေသည်။

ဖုန့်ယဲ့ရန်၏နာမည်ကတော့ ဟိုးအောက်ဆုံးကိုကျသွားပြီဖြစ်သည်။ သူ့အိမ်၊ သူအလုပ်လုပ်သည့် သုတေသနဌာန၊ သူ့ဗီဒီယို၊ ကြော်ငြာအကုန်လုံးသည် အင်တာနက်ပေါ်တင်ခံရပြီး အတိုက်ခိုက်ခံနေရသည်။

အွန်လိုင်းတိုက်ခိုက်မှုသည် လုံးဝကို ကြောက်မက်ဖွယ်အကြမ်းဖက်မှုပင်။ ကံကောင်းတာကတော့ ဖုန့်ယဲ့ရန်က အလုံပိတ်အခန်းထဲထည့်ခံထားရပြီး အပြင်ကမ္ဘာကို သတိမမူမိခဲ့ချေ။

မြောက်မြားလှစွာသော စစ်ဆေးမေးမြန်းမှုများနှင့် စကားပြောဆိုမှုများပြီးဆုံးပြီးနောက် ရဲတွေက နောက်ဆုံးတော့ ထွက်ခွာသွားကြပြီဖြစ်သည်။

နေ့လည်မှာတော့ ရှောင်ကျီကျဲက သူ့ကိုလာတွေ့ခဲ့သည်။

ဖန်သားပြင်ကိုဖြတ်လျက် ရှောင်ကျီကျဲက သူ့ကို ငေးကြည့်နေသည်။ "စိတ်မပူနဲ့နော်... င့ါမှာ သူငယ်ချင်းတွေအများကြီးရှိတယ်။ မင်းအတွက်အတော်ဆုံးရှေ့နေကိုငှားပေးမယ်။ ဖုန့်ပေါ်ရန်ဘက်က ပြစ်ချက်တစ်ခုမှမရှိဘဲ လုပ်နိုင်မယ်လို့မယုံဘူး။ မင်းအထဲမှာ အိပ်လိုက်စားလိုက်သာနေ။ အများကြီးမစိုးရိမ်နဲ့။ ပြီးတော့ မင်းရဲ့ရောဂါရောဘယ်လိုလဲ? မင်းသာ နေမကောင်းဖြစ်ရင်..."

Monster {Completed}Where stories live. Discover now