အပိုင်း ၃ - ခံစားချက်များ

1.5K 326 15
                                    

Unicode

ဖုန့်ဟွာ၏ ကြီးထွားနှုန်းသည်သာမန်လူများနှင့်ကွဲပြားသည်။ နှစ်နှစ်သာကြာပြီးနောက် သူသည်အသက်ခုနစ်နှစ်သို့မဟုတ်ရှစ်နှစ်ရှိပြီဖြစ်သည်။ သူက တရုတ်စာသာမက အင်္ဂလိပ်စာကိုပါသင်ယူခဲ့သည်။ အခြားဘာသာရပ်များတွင်လည်း သူ၏သင်ယူနိုင်မှုသည် အံ့သြဖွယ်ကောင်းခဲ့ပြီး မည်သည့်အခါမျှမေ့လျော့ခြင်းမရှိပေ။

သူ၏အံ့သြဖွယ်သင်ယူနိုင်စွမ်းအပြင်၊ သန်မာသောကုသနိုင်စွမ်းလည်းရှိသည်။ သူသာမရှိရင် ဖုန့်ယဲ့ရန် ယခုအချိန်၌ မတ်တပ်ရပ်ဖို့ခက်ကောင်းခက်လိမ့်မည်။ သူဗိုက်နာသည့်အခါတိုင်း ဖုန့်ဟွာက အစာအိမ်ကို လက်ဖဝါးဖြင့်အုပ်ပေးထားလေ့ရှိပြီး ပူနွေးသောပေါက်ကွဲသံများထွက်လာသောအခါ နာကျင်မှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေ့ရှိသည်။ နောက်ပိုင်းတွင်လည်း သူဆေးစစ်ရန်ဆေးရုံသို့သွားသောအခါ သူ၏ဆိုးဝါးသောအကျိတ်ကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

အိပ်မက်များကို လက်တွေ့အဖြစ်ပြောင်းလဲရ‌သော သူ၏စွမ်းရည်သည် အကောင်းနှင့်အဆိုးခံစားချက်များကို မခွဲခြားနိုင်သောကြောင့် တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုရှိခဲ့သည်။ သို့ပေမဲ့ နောက်ပိုင်းတွင်တော့ သူကပိုသတိထားလာပြီး ဖုန့်ယဲ့ရန်ရဲ့စိတ်ခံစားချက်ကို တဖြည်းဖြည်းပိုင်းခြားသိလာတဲ့အခါ သူကသူ့အတွက်လှပတဲ့မြင်ကွင်းတွေချည်းသာ ဖန်တီးပေးလေ့ရှိသည်။ ထိုအရာမှာ ကြည်နူးစရာကောင်းလှပါ၏။

သူသည် အလွန်ထူးချွန်သူဖြစ်လိမ့်မည်ဟု ထင်ကောင်းထင်လိမ့်မည်၊ သို့သော်ထိုသို့မဟုတ်ပါချေ။ ဖုန့်ဟွာ၏ ကလေးဘဝသည်ပျော်ရွှင်စရာမကောင်းသည်မှာသေချာပါသည်။ သူ၏မွေးဖွားခြင်း၏ထူးခြားချက်များ၊ သူ၏ထူးချွန်မှုများနှင့်မွေးဖွားခြင်းနှင့်အတူပါလာသော ကြေကွဲစရာများအားလုံးသည် နာကျင်မှုများဖြင့်ပြည့်နှက်နေသော ဓာတ်ခွဲခန်းတစ်ခုတွင်သူ ၏ငယ်ဘဝကိုကုန်ဆုံးစေခဲ့သည်။ ပြီးတော့ သူကအရမ်းကောင်းပြီး နာခံတတ်တဲ့ကလေးတစ်ယောက်လည်း ဖြစ်ခဲ့လေသည်။ သူသည်သွေးသွင်းခြင်း၊ ဆေးထိုးခြင်း၊ ဆေးသွင်းခြင်း၊ စမ်းသပ်မှုများနှင့်စမ်းသပ်ချက်များကို မငြင်းဆန်ပေ။ သူကနာကျင်မှုကိုမကြောက်ဘဲ ဖုန့်ယဲ့ရန် သူ့ကိုခိုင်းသမျှအား အကုန်လုပ်ရန် ဆန္ဒရှိလေသည်။

Monster {Completed}Where stories live. Discover now