အပိုင်း ၂ - Metamorphosis

1.6K 323 4
                                    

Unicode

မကောင်းဆိုးဝါးလေးက ဖုန့်ယဲ့ရန်ကို မျှော်လင့်ချက်ပေးလိုက်ခြင်းဖြစ်သည်။

သူက ဖုန့်ယဲ့ရန်ကို သူက ဘာမှမဟုတ်သူ မဟုတ်ကြောင်း သေချာစေသည်။ မည်သည့်မျက်နှာသွင်ပြင်မပါဘဲ ပုပ်သိုးနေပြီး ရက်စက်သော အသားတစ်ပိုင်းသည်အဖျားမရှိ၊ သူ့ခန္ဓာကိုယ်ပေါ်တွင်အမာရွတ်တစ်ခုမျှမပေါ်ဘဲ လတစ်ဝက်ကျော်အတွင်း လူသားအသွင်သို့ အမှန်တကယ်ပြောင်းလဲသွားနိုင်သည်။ ၎င်းသည်သူ၏ကြီးထွားနှုန်း၌ဖြစ်စေ၊ မိမိကိုယ်ကိုကုစားနိုင်စွမ်း သို့မဟုတ်အခြားအရာများဖြစ်စေ၊ ၎င်းသည်မကြုံစဖူးအံ့သြဖွယ်ဖြစ်သည်။ ဤနှုန်းဖြင့်သူ၏တိုးတက်မှုအလားအလာသည် အနာဂတ်တွင်အတိုင်းအဆမရှိဖြစ်လိမ့်မည်။

ဖုန့်ယဲ့ရန်က သူ့အချိန်အားလုံးကို ဒီမကောင်းဆိုးဝါးလေးနဲ့ ကုန်ဆုံးခဲ့သည်။ သူက မကောင်းဆိုးဝါးလေး ၃၄၇ ကို ဥက္ကဌ ဆီကို တင်ပြပြီး ခွင့်ပြုချက်ရယူခဲ့သည်။ ဥက္ကဌ က ဒီမကောင်းဆိုးဝါးသာ လူတွေကို မထိခိုက်စေရင် သူက ဆက်ပြီး ထိန်းသိမ်းနိုင်တယ်လို့ ဆို၏။ ဖုန့်ယဲ့ရန်ကို အခက်တွေ့အောင်လုပ်ခဲ့တဲ့ ဒါရိုက်တာတောင်မှ အခုဆို သူ့ကို မြောက်စားပြီး ၃၄၇ က သူ့ခန္ဓာကိုယ်ကို လေ့လာရာမှာ အဆုံးမရှိသော တိုးတက်မှုများနဲ့ ပြည့်နေသည်ဟုဆိုသည်။ သူ့ ဦးနှောက်၊ သူ့သွေးသားနဲ့ သူ့ရဲ့ စွမ်းအားတွေအကုန်လုံးက လူသားတွေနဲ့ မတူ ထူးခြားလှလေသည်။ ဒီလေ့လာချက်သာ အောင်မြင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ၁၈နှစ်အရွယ်နဲ့ တရားဝင်လုပ်ရတဲ့ သတင်းစာရှင်းလင်းပွဲက လူသားမျိုးနွယ်စုကို ကိုင်လှုပ်သွားပေမည်။ ထို့နောက်တွင်တော့ ဖုန့်ယဲ့ရန်သည် ၃၄၇ ၏ တာဝန်ရှိသူ ဖြစ်လာလေသည်။

ဖုန့်ယဲ့ရန်ရဲ့ ကျန်းမာရေးအခြေအနေက မကောင်းဘူးဆိုပေမယ့် ဒီကောင်းတဲ့အရာတွေက သူ့ကို စိတ်ဓာတ်တက်ကြွစေသည်။ သူသာ မတ်မတ်ရပ်နေနိုင်သ၍ သူက မကောင်းဆိုးဝါးလေးဆီက စွမ်းအားတွေပြန်ရသည်။ သူက မကောင်းဆိုးဝါးကို လူသားတွေလို ဘယ်လိုဝတ်ပြီး ဘယ်လိုစားရတယ်ဆိုတာကို ဖြေးဖြေးချင်းလေ့ကျင့်ပေးတော့သည်။ ပြီးတော့ ကလေးဖတ် စာပေတွေ အများကြီးကိုလည်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သလို ဝယ်လာခဲ့သေးသည်။

Monster {Completed}Tempat cerita menjadi hidup. Temukan sekarang