ထရန်စလိတ်တာ၏ နောက်ဆုံး မှတ်စု

2.9K 191 68
                                    

Unicode

ပြီးသွားပါပြီ။ ရေးခါစနဲ့ ခရီးတစ်လျှောက်လုံး ငါပြီးရင် ဟိုလိုရေးမှာ ဒီလိုရေးမှာဆိုပြီး ရှယ်လောင်ခဲ့ပေမယ့် တကယ်ကြီး ပြီးသွားတော့လည်း နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီဆိုတာကလွဲရင် ဘာရေးရမလဲမသိပါဘူး။ တို့လည်း ခြောက်လကျော်အချိန်ယူပြီး ဘာသာပြန်ခဲ့ရတာမို့ ဘာသာပြန်တအားနှေးတဲ့တို့အတွက် အဆင်တွေပြေမနေပါဘူး။

စာမျက်နှာ ခုနစ်ရာကျော်တို့ဘာသာပြန်ခဲ့ပါတယ်။ စစချင်းကတော့ ဒီအတိုင်း မွေးထားတဲ့သားက ပြန်စားတာမျိုးဖတ်ချင်တယ်ဆိုတာကလွဲပြီး ဘာခံစားချက်မှမရှိခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဖုန့်သားအဖက တို့ကို ရှယ်ညင်းဆဲနိုင်ခဲ့ပါတယ်။ ဇာတ်သွားဇာတ်လာအရမ်းမြန်လွန်းတဲ့အတွက် သူ့အနိမ့်အမြင့်တွေက လူကို ရူးစေမလိုပဲ။ စပရိုက်မာ့ဒါးဖက်ကာ ဆိုပြီး အစပိုင်းတင် ရင်ခံနေတဲ့တို့ကို စောက်ခွက်တွေချည်း ဖြတ်ရိုက်လာတာပါ။ အရင်က လူတိုင်းကို ဖတ်စေချင်ပေမယ့် အခုတော့ တော်ပါပြီဆိုပြီး ဖြစ်လာခဲ့ရပါတယ်။

ရှောင်ဟွာဟွာလေးကတော့ အချစ်ခံလေးပါပဲ။ ‌သူ့ကတော့ ဘယ်လိုမှမုန်းမရသူပါ။ သူ့မှာနောက်ပိုင်းတွေရှယ်ကြမ်းလာရင်တောင် ဒီကလေးက ငယ်ကတည်းက ထရာမာတွေရလာတာ ဒီလောက်တော့ရှိမှာပေါ့ ဆိုပြီး သူလူသတ်ပြီး နောက်ပိုင်းက ဖုန့်ယဲ့ရန်အပေါ်မတရားမှန်းသိရင်တောင် တို့ကတော့ သူ့အမေကြီးပါပဲ။ တစ်ခါတစ်လေတော့ သူ့လည်း ဆဲချင်ပါတယ်။ ငတုံးပေါက်စရေ... ငတုံးပေါက်စလေးရဲ့ အဲ့လောက်‌ တောက်ဆစ်မဆန်နဲ့ဟ ဆိုပြီးပေါ့။

ဖုန့်ယဲ့ရန်ကတော့ အဆဲခံလေးပါ ဟိဟိ။ ဒါပေမယ့် သေချာစဥ်းစားကြည့်ရင် သူ့ဇာတ်ကလည်း ရှယ်နာတဲ့အထဲပါပါတယ်။ သူသက်တမ်း ၂၃ နှစ်လုံးမှာ မိန်းမတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာပါ။ ဒါကြောင့် သူ ဒုတိယအခွင့်အရေးပေးပြီး ပြန်တွဲတာပါ။ စိတ်မပူပါနဲ့ တို့ရေးတဲ့ တို့သားအရင်းဆိုရင် သူ့ကိုယ်သူ ရည်းစားခုနစ်ယောက်ထားပြီး အခွင့်အရေးခုနစ်ခါပေးခဲ့တာ xD

ဒါပေမယ့် သူရှောင်ဟွာဟွာလေးကို ချစ်မိသွားတော့လည်း သူပါပဲ။ သူ့လောက်သည်းသည်းလှုပ်တာလည်း သူပါပဲ။ သူက အစကနေအဆုံးအထိ ရှောင်ဟွာဟွာလေး ပျော်ရွှင်တာကိုပဲလိုချင်ခဲ့တာ။ အပိုင်း ၁-၂၅ ကတော့ စောက်ကလေးက သူ့ဘာသာ ဇာတ်ခုံတည်၊ ဇာတ်ညွှန်းရေး သူပါဝင်ကပြီး ဒွာမာရှယ်ချိုးတာပါ။ (တို့တော့အဲ့လိုမြင်တယ်ရယ်... ကွန်မန့်မှာဆွေးနွေးကြမယ်) အခု အဆုံးသတ်က သူတို့နှစ်ယောက်အတွက် အဆင်အပြေဆုံးလို့ တို့လည်း ထင်ပါတယ်။ ရှောင်ဟွာဟွာလေးက ၁၉ နှစ်ပဲ တကယ်ကြီး အသက်ရှင်လိုက်ရပေမယ့်လို့ပေါ့။ ဖုန့်ယဲ့ရန်က သေကိုသေမှာပါပဲ။ ဒီကစ္စတွေဖြစ်လာလို့သာ နှစ်ယောက်ကြားမှာ အကောင်းဆုံးဖြေရှင်းနည်းတစ်ခုရလာတာပါ။ ဖုန့်ယဲ့ရန်က အရိပ်အနေနဲ့ ရှောင်ဟွာဟွာရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်တဲ့နည်းပညာလိုမျိုးပေါ့။ ဘယ်လိုပဲပြောပြော သူတို့နှစ်ယောက်ကအခုတော့ နောက်ဆုံးသော နိဗ္ဗာန်ဘုံမှာ မသိခြင်းကိန်းဂဏန်းနဲ့ဆိုရင်တောင် သက်ဆုံးတိုင်တော့ အတူရှိသွားကြမှာပါ။ တို့ဆို ရွှေရောင်မှတ်စုစာအုပ်ကောက်နှုတ်ချက်ရေးတုန်းက ရှယ်ကိုထိုင်ငိုတာ။ နောက်ဆုံးတော့... နောက်ဆုံးတော့... ရှောင်ဟွာဟွာလေး အတည်ကြီးကို ပျော်ရွှင်ရတော့မှာဆိုပြီး။ တကယ်ထိုင်ငိုတာမှ ရှိသမျှသူငယ်ချင်းအကုန် ဖုန်းဆက်ပြီးတော့ကို ငိုတာ။ တစ်လျှောက်လုံးသယ်လာခဲ့ရတဲ့ ခါးသီးမှုတွေအကုန် ခဝါချလိုက်ရသလိုပဲ။

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

Monster {Completed}Where stories live. Discover now