အပိုင်း ၂၂ - Baptism

752 165 15
                                    

Unicode

ရှောင်တစ်ယောက် အရမ်းစိတ်ဆိုးနေပါ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အစ်ကိုနှင့် အလွန်အလုပ်ရှုပ်သောကြောင့် သူကောင်းကောင်းမအိပ်ခဲ့ရပေ။ ဖုန့်ဟွာက ဘာ့ကြောင့် ကျေးဇူးမသိကြောင်း ပြောရမယ်ဆိုရင် ဖုန့်ဟွာကို သူကအများကြီး ကူညီပေးခဲ့တာ ဖြစ်ပေမယ့် အဲဒီလူက သူ့ကို သတ်ပစ်ချင်နေပြီး သူ့ကို စုံစမ်းပြီး ကြိုးဆွဲချချင်နေတာတောင် ဖြစ်သည်။ မုန်းတီးလွန်းလှသည်။

သူသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်နေကာ မြို့၏ သုံးဖက်မြင်ပုံဖြစ်သည့် ကွန်ပျူတာဖန်သားပြင်မှ အချက်အလက်များကို စိုက်ကြည့်နေသည်။ ရုတ်​တရက်​ အစက်​တစ်​စက်​ မှိတ်​ခနဲ လင်းလာ၏​။

သူက နှုတ်ခမ်းထောင့်ကို ပင့်တင်ပြီး ပြုံးလိုက်သည်။ ကံကောင်းထောက်မစွာ၊ သူသည် ဖုန့်ယဲ့ရန်၏အရေပြားတွင် သေးငယ်သော ချစ်ပ်ပြားကို စိုက်ထားနိုင်လောက်အောင် ထက်မြက်နေခဲ့သည်။ အချိန်တော်တော်ကြာသွားရတဲ့ အကြောင်းအရင်းကတော့ ဖုန့်ဟွာက သူ့ကို အကူအညီတောင်းတာ အရမ်းနောက်ကျပြီး နောက်ပိုင်းမှာ မြို့တော်တော်များများကို ရှာခဲ့ပြီး အချိန်တော်တော်ကြာယူခဲ့ရ၍ ဖြစ်သည်။

ဟုတ်သည်.... နောက်တစ်ခုက အဲဒီဖောက်ပြန်တာကို ဘယ်လိုဖြေရှင်းမလဲ။

သူသည် ဟူဒီပုံစံသို့ပြောင်းကာ သူ၏အနီရောင်ဆံပင်ကိုဖုံးလိုက်ရင်း လက်အိတ်နှင့်မျက်နှာဖုံးကိုဝတ်ကာ အခန်းထောင့်မှဘေ့စ်ဘောရိုက်တံကို သူ၏ကျောပိုးအိတ်ထဲသို့ထည့်လျက် အခန်းအပြင်သို့ထွက်လာခဲ့သည်။

သူသည် စုစုပေါင်း အထပ် 72 ထပ်ရှိသော B မြို့တော် ရှိ အမြင့်ဆုံး အဆောက်အဦများထဲမှ တစ်ခုဖြစ်သည့် ရုန်ယွဲ့ အဆောက်အအုံသို့ ပေါ့ပေါ့တန်တန် လျှောက်သွားလိုက်သည်။

ဓါတ်လှေကားထဲကို ဆင်းပြီး 70 ထပ်မှာ ရပ်လိုက်သည်။ တစ်ဆင့်ပြီးတစ်ဆင့် အခန်း 7014 သို့ သူရောက်လာသည်။

ကျောပိုးအိတ်ထဲမှ လက်ကိုင်အိတ်ကိုယူကာ လက်ချောင်းများဖြင့် ကုဒ်ကို အမြန်ရိုက်ထည့်လိုက်သည်။ တစ်မိနစ်မပြည့်မီတွင် စခရင်ပေါ်တွင် နံပါတ်တစ်လိုင်းကို ပြသခဲ့သည်။ ပေါင်းစပ်လော့ခ်ကို သူအောင်မြင်စွာသော့ဖွင့်ခဲ့သည်။

Monster {Completed}Where stories live. Discover now