အပိုင်း ၃ - ခံစားချက်များ

1.6K 332 11
                                    

Unicode

အစာအိမ်က နာတယ်။ အရမ်းကို နာတာပဲ။

အထဲမှာလောင်ကျွမ်းနေပြီး အပ်တွေနဲ့ အထိုးခံနေရသလိုမျိုး။

အန်ပစ်လိုက်ချင်တယ်။

အာ.... မခံနိုင်တော့ဘူး။

တစ်ယောက်ယောက်လောက် ကူညီကြပါ။

.......

ထိုအချိန်က မိုးသည်းနေ၏။

ပြတင်းပေါက်အပြင်ဘက်မှာ အကုန်ဝေဝါးနေပြီး မိုးစက်တွေလာပက်သံနဲ့ ဖားအော်သံခပ်ဖျော့ဖျော့ကိုသာ ကြားရလေ့ရှိသည်။

ပြီးတော့ အလွန့်အလွန်နွေးထွေးလွန်းလှချေ၏။

နူးညံ့ညင်သာသည့် ကျေးငှက်တေးသီသံသည် အဝေးမှလာသယောင်နဲ့ တစ်ခါတစ်လေ နားနားကပ်နေသည်ဟု ခံစားရကာ ပံ့တင်ထပ်နေလေသည်။ ရံဖန်ရံခါမှာ ငှက်တွေရဲ့ သူတို့တောင်ပံဖြန့်သံတွေကိုတောင် ကြားရတယ်လို့ ခံစားလာရသည်။

ပန်းရနံ့က နှာထိပ်ဝမှာ ဖဲပွင့်သယောင်ယစ်ဝဲသွားသလို ရေစီးသံနဲ့အတူ ငါးလေးတွေက သူ့အမြီးကို ယမ်းခါသွားကြသယောင်။

ဖုန့်ယဲ့ရန်က မျက်ဝန်းကို နည်းနည်းလေးဖွင့်လိုက်ပြီး ဓာတ်ခွဲခန်းရဲ့ စားပွဲကို ဝေ့ကြည့်လိုက်သည်။

အဖြူရောင်ပိတ်ကျဲကန့်လန့်ကာများသည်မြူးကြွနေသည်။ မှောင်မိုက်သောအမည်းရောင်အရိပ်များသည် ကန့်လန့်ကာများကို ဖြတ်၍ ပြတင်းပေါက်အက်ကွဲကြောင်းများထဲသို့ ၀င်လာသောနေရောင်ခြည်နှင့်အတူ ရောင်ခြည်ဖြာထွက်နေသည်။ ဖုန့်ယဲ့ရန်က သူ့မျက်လုံးတွေကိုပွတ်လိုက်ပြီး သူ့ခေါင်းထက်မှာရေစီးသံအနည်းငယ်ကြားလိုက်ရသည်။ သူသည်မော့ကြည့်လိုက်သောအခါ ရွှေရောင်အနားများနှင့် ၎င်း၏အနား၌ ရွှေရောင်အမြီးများကယိမ်းနွဲ့နေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်သူသည်ရေထဲ၌ ကုလားထိုင် တစ်ခုပေါ်တွင်ထိုင်နေပုံရသည်ကိုလည်း သူသတိပြုမိ၏။ ကြည်လင်သောရေသည်တောက်ပနေပြီး၊ စာအုပ်တစ်အုပ်၏စာမျက်နှာများသည် အနည်းငယ်လှည့်နေပြီး အခန်းသည်လှပသောအပူပိုင်းငါးများနှင့်တောက်ပနေသည်။ ပတ်ဝန်းကျင်သည် အမည်မသိသောအကောင်ငယ်များနှင့်ပြည့်နှက်နေပြီး ရေခူကဲ့သို့ချုံ့ကာငြိမ်သက်စွာ အသက်ရှုနေသည်။

Monster {Completed}Where stories live. Discover now