အပိုင်း ၂၄ - ရူးသွပ်ခြင်း

897 166 31
                                    

Unicode

ဒီကိစ္စသည် လုံးဝအကြီးအကျယ်ကိစ္စဆိုတာ သေချာပါသည်။

ဒါရိုက်တာက လုံးဝစိတ်ဆိုးနေကာ သတင်းတွေကို ပတ်ဆို့လိုက်ပြီး ဖုန့်ယဲ့ရန်ကို ဆိုင်းငံ့လိုက်သည်။ ဖုန့်ဟွာကိုတော့ ဆက်လက် အကျဥ်းချထားစေ၏။

ဖုန့်ယဲ့ရန်အတွက်တော့ ဒါက မထူးခြားပါချေ။ သူသည် ဆေးရုံတွင် ရက်နည်းနည်းအနားယူလိုက်ရင်း အိမ်ပြန်လာခဲ့သည်။

ဘာမှလုပ်စရာမရှိတာကြောင့် သူသည် အိပ်ရာထဲတွင်ပဲ တစ်နေကုန်နေခဲ့သည်။ အိပ်လိုက်အိပ်မက်မက်လိုက်ဖြင့်သာ အချိန်ကုန်နေပါ၏။

သူသည် ဖုန့်ဟွာငယ်ဘဝကို အိပ်မက်မက်လေ့ရှိသည်။ သူ့ကိုမှီကာ ငိုက်လေ့ရှိသော ကောင်ငယ်လေးတစ်ယောက်အကြောင်း မကြာခဏ အိပ်မက်မက်ပါ၏။

ရှက်စရာအိပ်မက်တွေလည်း မက်တတ်ပါသေးသည်။ အနမ်းစတင်သူသည်သူဖြစ်ပြီး တစ်ခြားသောနည်းလမ်းပေါင်းများစွာနှင့်လည်း ဖုန့်ဟွာကိုဆွဲဆောင်တတ်သေးသည် ဟူ၍။

ဖုန့်ဟွာက သူ့ခန္ဓာကိုယ်ကို ဖုန်းကွယ်ထားရင်း သူ့ခေါင်းကို နှစ်မြှုပ်ထားကာ သူ့ကို အရူးအမူးနမ်းနေကြောင်းလည်း အိပ်မက်မက်ပါသေးသည်။ သို့ပေသိ သူမျက်ဝန်းတွေဖွင့်လိုက်ချိန်တော့ ဖုန့်ဟွာက ကြောက်ရွံ့ဖွယ်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားကာ သူ့မျက်ဝန်းတွေသည် သွေးပင်လယ်အလား နီရဲနေပါ၏။

အိပ်မက်ဆိုးတွေသည် မကြာခဏပင်ဆက်တိုက်ဆိုသလို မက်လာလေရာ သူ့မှာအိပ်ပင်မအိပ်ရဲ‌တော့သည်အထိ။ သူ့မျက်ဝန်းအောက်ကမျက်ကွင်းတွေပင် ပိုမိုနက်ရှိုင်းလာခဲ့လေပြီ။ သို့ပေသိ သူကြောက်လာလေလေ အိပ်မက်ဆိုးတွေက ပိုပြီးမက်လာလေလေပင်ဖြစ်၏။

စက်တင်ဘာလ၏ညတစ်ညတွင် အိပ်မက်ဆိုးတွေနှိပ်စက်မှုကြောင့် သူအိပ်မပျော်ပေ။ သူမတ်တပ်ထရပ်လိုက်ရင်း အဝတ်ဗီရိုကိုဖွင့်ကာ ကုတ်တစ်ထည်ကိုကောက်ဝတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ဗီရိုဖွင့်လိုက်ချိန်တွင်တော့ သူသေလောက်အောင် လန့်ဖြန့်သွားရသည်။

Monster {Completed}Dove le storie prendono vita. Scoprilo ora