အပိုင်း ၃၂ - လက်ဆောင်

1.6K 168 47
                                    

Unicode

ဧပြီ ၂ ရက်နေ့၊ ၂၂၅၂

ဆက်သွယ်ရေး ဖိုရမ်၏ ကွန်မန့်ဆက်ရှင်

အနီရောင်သစ်သီး - မင်းတို့ ဖုန့်ဟွာဆိုတာကိုသိလား? ဒဏ္ဍာရီလာ ပထမဆုံး တော်ဝင် Adesir သွေးနှောလူသားလေ။ အရင်က တီဗီစီးရီးတစ်ခုရှိသေးတယ်။ အရမ်းနာမည်ကြီးပြီးတော့ လုံးဝပျောက်သွားတာပဲ။ အခုတော့ သူ့အကြောင်းကို ရှာဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အကုန်လုံးက မယုံကြည်ရတဲ့ ကောလဟာလတွေဖြစ်ကုန်ပြီ။

ကလေးလေးက ဗိုက်အရမ်းဆာနေတယ် _ ငါလည်း အဲ့တုန်းက ဖန်အကြီးစားပဲလေ။ လုံးဝကို ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းပဲ။ သူ့ပိုင်ရှင် ဖုန့်ယဲ့ရန်က ကင်ဆာကြောင့်သေဆုံးသွားပြီးနောက်မှာမှ သူလုံးဝပျောက်သွားတာ။ ဖုန့်ယဲ့ရန်က ၂၂၄၁ နှစ်ကုန်လောက်မှာ သေသွားတာထင်တယ်။ အခုဆို ဆယ်နှစ်တောင်ရှိပြီရော။

သဲကန္တာရကျွန်း၏ ရှင်သန်သူ - တစ်ချို့ကတော့ သူလည်း နေမကောင်းဖြစ်ပြီးသေသွားပြီပြောတယ်။ တစ်ချို့ကတော့လည်း သူက ဝမ်းနည်းလွန်းလို့ ဟင်းသီးဟင်းရွက်တောင် ဖြစ်သွားပြီတဲ့။တစ်ချို့ ကောလဟာတွေကလည်း သူက လူပေါင်းများစွာသတ်မိသွားလို့ သုတေသနဌာနက ပြန်ထိန်းသိမ်းထားတယ်ဆိုပဲ။

သော်တာအောက်က အနက်ရောင်ရေခဲလေး - ဒီအကြောင်းက လူတွေအမြဲတမ်း သုတေသနဌာနကို အင်တာဗျူးချင်နေတာမလား။ ဒါပေမယ့်အကုန်လုံး ငြင်းခံလိုက်ရတယ်လေ။

သူ့ကိုချစ်တယ်အားးးး - သတင်းတွေရှာဖွေနေပါတယ်... အတွင်းလူလေးများ မရှိဘူးလား?

....

အမည်မသိလူပဲဖြစ်မယ် - ငါပြောနိုင်တာတစ်ခုကတော့ သူမသေသေးဘူး။ သုတေသနဌာနက အင်တာဗျူးတွေကို ငြင်းလိုက်တာက လူတွေက သူတို့ကို မနှောက်ယှက်စေချင်လို့ပဲ။

သူ့ကိုချစ်တယ်အားးး- သူတို့? ဘာကို ရည်ညွှန်းချင်တာလဲ? အပေါ်ထပ်ကလူရေ နည်းနည်းလောက်ပိုပြီး ပြောပြနိုင်မလား? မင်းဒီမှာမပြောနိုင်ရင် ချက်ဘောက်လာဆိုရင်လည်း အဆင်ပြေပါတယ်။

....မတ် ၂၈၊ ၂၂၅၂

ဥက္ကဌအိုကြီးက သုတေသနဌာနရဲ့ ဆိုဖာမှာထိုင်နေပြီး သူ့ပေါင်ပေါ်က ကြောင်တစ်ကောင်ကို စနောက်ကာ လက်ဖက်ရည်သောက်နေသည်။

Monster {Completed}Where stories live. Discover now