အပိုင်း ၁၉ - သံသယ

736 169 6
                                    

Unicode

ဖုန့်ဟွာက ထိုစကားကိုသာ မရေတွက်နိုင်အောင် ဆိုနေမိတော့သည်။ "ယဲ့အာ... ကျွန်တော့်ကို ယုံပေးပါ။ ကျွန်တော်သူမကို မသတ်ဘူး။"

သို့ပေသိ ထိုစကားများသည် ဖုန့်ယဲ့ရန်အပေါ်များများစားစားမထိရောက်မှန်း သိသာလှသည်။

ဖုန့်ယဲ့ရန်က သံသယလွန်ကဲစွာ အတွေးများခြင်း အခြေအနေသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူသည် အကယ်၍များ ဖုန့်ဟွာက တကယ့်လူသတ်သမားဖြစ်နေလျှင် သူဘာလုပ်ရမလဲဆိုသည်ကို တွေးနေသည်။ ပထမဆုံး သူက ဘာဖြစ်ခဲ့လဲဆိုတာကို သေသေချောချာ စုံစမ်းကြည့်ရမည်ဖြစ်သည်။ ရဲတွေသိသွားရင်ရော? ဖုန့်ဟွာက လွတ်လပ်ခွင့်ကို ဆုံးရှုံးရမှာလား? သူကရော ဖုန့်ဟွာကို ချန်ထားရမှာလား? ဖုန့်ဟွာက မအောင်မြင်တဲ့စမ်းသပ်မှုအနေနဲ့ဆက်ဆံခံရမှာလား? သူဖျက်စီးခံရ... မဖြစ်ရဘူး။ သူတွေးတောင်မတွေးရဲပါချေ။

ဖုန့်ဟွာက သူ့ဖုန်းကို အကြိမ်ပေါင်းများစွာစစ်ကြည့်ခဲ့သည်။ သူက သုတေသနဌာနကို တစ်ယောက်တည်းပင် သွားခဲ့ပြီး အရင်က စောင့်ကြည့်ကင်မရာတွေရဲ့ နောက်ကြောင်းကိုလိုက်ကာ သုတေသနပညာရှင်တစ်ယောက်ချင်းစီကိုပင် လိုက်စစ်ဆေးခဲ့သည်။ သို့ပေသိ သူသည် ရှောင်အကြောင်းတစ်စိုးတစ်စိမျှပင် ရှာမတွေ့ခဲ့ပါချေ။

ဒီညမှာလည်း ဖုန့်ဟွာက အိပ်ရာထဲတွင် ဘယ်ညာလူးလိမ့်နေမိသည်။ ဖုန့်ယဲ့ရန်ကို နောက်ယှက်မိမှာစိုးရိမ်နေရင်း သူသည် ဧည့်ခန်းထဲသို့ပြန်လာခဲ့ကာ ရှောင်အကြောင်းသိလေမလားဟု ထပ်မံရှာဖွေခဲ့သည်။

သူသည် အလွန့်ကို မခံမရပ်နိုင်ဖြစ်ရပါ၏။ သူမလုပ်ခဲ့သည်မှာ သေချာပါသည်။ သူသည် ထိုညက တစ်ညလုံး ယဲ့အာဘေးနားတွင်သာ ရှိခဲ့ပါသည်။ သူသည် ဘယ်ကိုမှ မသွားခဲ့ရပါ။ ရှောင်လုပ်တာပဲ ဖြစ်ရမည်။ ဖုန့်မိသားစုအိမ်တော်အတွင်းက စောင့်ကြည့်ကင်မရာထဲမှ ပုံရိပ်သည် ရှောင်ဖြစ်သည်။ နောက်ဆုံးဖြစ်ပျက်ခဲ့သည့် ထုတ်ဖော်ခြင်းကိစ္စကဲ့သို့ပင် ရှောင်က တာဝန်ယူမှုမရှိဘဲ လုပ်ချင်တာ လုပ်ချလိုက်ပြန်တာ ဖြစ်နိုင်သည်။ အာ... ဒီသောက်ကောင်ကတော့! !

Monster {Completed}Where stories live. Discover now