အပိုင်း ၁၆ - သစ္စာဖောက်ခြင်း

1K 200 8
                                    

Universe

အိမ်မက်ထဲတွင့် ဖုန့်ယဲ့ရန်က လှေသေးသေးလေးတစ်ခုဖြစ်သွားသည်ဟု မက်ခဲ့သည်။ သူသည် ပျော်ရွှင်ခြင်းနှင့် နာကျင်ခြင်းပင်လယ်ပြင်တွင့် နိမ့်လိုက်မြင့်လိုက်ဖြင့် ရွက်လွင့်နေပါ၏။ တစ်ကမ္ဘာလုံးသာ တစ်ခါတစ်ရံတွင် အဖြူအနက်ဖြစ်ပြီး တစ်ခါတစ်ရံတော့ ရောင်စုံနေကာ အလွန့်အလွန်ကို လှပလေသည်။

ခပ်တိုးတိုးအသံတစ်ခုက သူ့နားထဲတွင် တီးတိုးဆိုလာပါ၏။ "မင်းရဲ့ မွေးနေ့ဆုတောင်းက ဘာလိုချင်လဲပြော... အကုန်လုံးကို မင်းအတွက်ဖြည့်ဆည်းပေးမယ်"

သူ့အိမ်မက်ထဲက ပင်လယ်ပြင်ထဲတွင်လေလွင့်ရင်း ဖုန့်ယဲ့ရန်က မည်သူပြောနေမှန်းမရှင်းလင်းပါချေ။ ဖုန့်ဟွာဟုထင်ရပေမယ့် တစ်ခြားတစ်ယောက်လို့လည်း ထင်ရပါ၏။ သူ့ခမျာပြောနေသူက အိမ်မက်ထဲကလား လက်တွေ့ဘဝကလူလား မသဲကွဲတော့ပါချေ။

သူ့တွင် အထူးတလည်တောင်းဆိုရမည့် ဆန္ဒဟူ၍လည်း မရှိပါချေ။ သူ့မှာ ဘဝ၏ အဓိပ္ပါယ်ကိုပင် နားမလည်တော့။ ရိုလာကိုစတာကို ထပ်ခါထပ်ခါစီးနေရသည့်အလား ထိပ်ဆုံးရောက်လိုက် ချောက်ထဲပြုတ်ကျလိုက်နှင့် နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပျောက်ဆုံးခြင်း၊ ကောင်းချီးပြည့်စုံခြင်းနှင့် အထီးကျန်ခြင်းဟူသော စက်ဝန်းထဲတွင် သံသရာလည်နေခဲ့ပါ၏။

ဘာကများ သူ့ဘဝရဲ့ အဓိပ္ပါယ်များပါလိမ့်?

သန့်စင်သည့် တီးတိုးသံလေးက ပူနွေးသည့် အသက်ရှူသံနှင့်အတူဆိုလာ၏။

"ဥပမာ ချန်ရွှမ်ပေါ့။ သူမအတွက် ဘယ်လိုဆန္ဒများရှိလဲ"

ချန်ရွှမ်ဟူသည့်နာမည်ကို ကြားလိုက်သည်နှင့် သူ့ပင်လယ်ပြင်သည် လှိုင်းထန်လာပါ၏။ လှေငယ်လေးသည် လှိုင်းလုံးတွေကြား မြှုပ်ချည်ပေါ်ချည်ဖြစ်လာပါ၏။ နာကျင်ဖွယ်ခံစားချက်တွေက အမုန်းတွေလည်း ရောယှက်နေသယောင်ပင်။

ဖုန့်ယဲ့ရန်က လှုပ်ရမ်းနေသည့် လှေပေါ်တွင်မတ်တပ်ရပ်နေရင်း သူ့အသံကာ ပြတ်တောင်းနေသည်။ "သူမရဲ့ ေကျာ်ကြားမှုကို ဖျက်ဆီးချင်တယ်။ သူမအချစ်ဆုံးလူသားရဲ့ သစ္စာဖောက်တာကိုခံစားစေချင်တယ်။ သူမက ငါ့အတွက်ယူဆောင်ပေးခဲ့သမျှခံစားချက်တွေကို သူမကို ပြန်ခံစားစေချင်တယ်"

Monster {Completed}Where stories live. Discover now