အပိုင်း ၁ - မွေးဖွားခြင်း

3.9K 396 20
                                    

Unicode

ဖုန့်ယဲ့ရန်သည် အသက်ရှူကြပ်ဖွယ်ကောင်းလောက်အောင် ခပ်မှိုင်းမှိုင်းလေထုတွေက သွေ့ ခြောက်တဲ့ မြစ်ငယ်ပမာ မျောနေတဲ့ အခန်းကျဥ်းလေးထဲတွင် ဆိတ်ငြိမ်စွာ ထိုင်နေသည်။ တစ်ခုတည်းသော အလင်းရောင်က ကောဇောပေါ်မှာရှိတဲ့ စက္ကူတစ်ခုအပေါ်မှာသာ အနက်ရောင် ကန့်လန့်ကာကြားမှ ထိုးစိုက်နေ၏။ နွေးထွေးတဲ့လေထုတွေက ဝင်မွေ့လိုက်သည့် ဖုန်မုန့်များသည် သေးငယ်လှသည့် ရွှေစလေးတွေကြားမှာ ပုန်းလျှိုးနေတဲ့ သရဲများသယောင်။ နာရီသံ အချိန်အလိုက် တစ်ချပ်ချပ်နဲ့ ကုန်ဆုံးသံကလည်း ပျံ့လွင့်နေသေးသည်။

မသိရလောက်သည်အထိ ကြာမြင့်သည့် အချိန်ကာလတစ်ခုတွင်တော့ ဖုန့်ယဲ့ရန်က ရှုပ်ပွနေသည့် ကော်ဖီစားပွဲပေါ်မှ ကွန်ထရိုးရီမုတစ်ခုကို သူ၏ဖြူဖျော့နေသော လက်တစ်စုံဖြင့်လှမ်းလိုက်၏။ သူ့လက်ချောင်းတွေက ပိန်ပါး၊ သွယ်လျနေပြီး အလင်းရောင်ဖြာဖြာလေး ထိုးကျနေသောကြောင့် လက်ဖမိုးပေါ်ကသွေးကြောတွေက သူ့လက်မောင်းတစ်လျှောက်သွယ်တန်းနေတာကို တွေ့မြင်နိုင်သည်။ ပုံရိပ်က ဖွင့်ချခံလိုက်ရချိန်မှာတော့ တစ်ခန်းလုံးက လင်းထိန်သွားလေသည်။

ဒါက စာအုပ်စင်တွေ၊‌ ကော်ဖီစားပွဲတွေ၊ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေ၊ အဖြူရောင်ကုတ်တစ်ထည်က ဆိုဖာပေါ်မှာရောက်နေသလို ပွထနေတဲ့ အဝတ်ပုံတွေ၊ စီးကရက်ဖင်စီခံတွေပြည့်နေတဲ့ ဆေးလိပ်ပြာခွက်တွေ နဲ့ လုံးဝကြီးကို ရှုပ်ပွနေတဲ့ အခန်းတစ်ခုပင် ဖြစ်ချေသည်။ သို့ပေသိ ဖုန်းယဲ့ရန်ကတော့ အရာအားလုံးကို လျစ်လျူရှုထားကာ ပစ္စည်းအသစ်တစ်ခုကို မိတ်ဆက်နေသည့် သတင်းကိုပဲ စိုက်ကြည့်နေ၏။

"SW တက္ကသိုလ်ရဲ့ ပိုင်ရှင်တစ်ဖြစ်လဲ ဖုန့်ပေါ်ရန်က မျိုးရိုးဗီဇစမ်းသပ်မှုမှာ မထင်မှတ်ထားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ကမ္ဘာကြီးက ပထမဆုံး 'အိမ်ဖော်' မွေးဖွားလာမှာကို ရှည်ကြာစွာစောင့်နေခဲ့ပြီးပါပြီ။ 'အိမ်ဖော်အသစ်' လေးက Adesir genes 2.78% ပါဝင်ပြီး သူ့ရဲ့ ဉာဏ်ရည်နဲ့ ကိုယ်ကာယအင်အားက သာမာန်လူတွေထက် 1.2% ပိုမြင့်မှာ ဖြစ်ပါတယ်..."

Monster {Completed}Where stories live. Discover now