အပိုင်း ၃၀ - အမှန်တရား (၁)

822 157 13
                                    

Unicode

"ဖုန့်ဟွာ... မင်းကိုချစ်တယ်"

ဒီစာကြောင်းကိုကြားပြီးနောက်မှာ ပန်းပွင့်စိုစိုတွေ၊ လရောင်တောက်တောက်တွေ၊ လူတွေအကုန်လုံးက ပျောက်ကွယ်ကုန်သည်။

ဒီစာကြောင်းလေးကပဲ လေထဲမှာတွဲလွဲချိတ်ဆွဲနေပြီး ဖြည်းညင်းစွာ သော့တစ်ချောင်းက ဖုန့်ဟွာလက်ထဲကို ကျဆင်းလာသည်။ သူ့မျက်စိရှေ့မှာပဲ အိမ်သေးသေးလေးက စက္ကူနဲ့ စတင်ဖြစ်တည်လာသည်ကို တွေ့လိုက်ရသည်။ ချောမွေ့သည့် နံရံ၊ ကြည့်ကောင်းသည့် ခေါင်မိုး၊ လှပသည့် တံခါးနဲ့ ပြတင်းပေါက်၊ ပြီးတော့ ကိုက်ညီလှသည့် မီးခိုးခေါင်းတိုင်။

သူသာ သော့နဲ့တံခါးကို ဖွင့်လိုက်ပြီး လမ်းလျှောက်ဝင်သွားမယ်ဆိုရင် အမှန်တရားကို သူရရှိလိမ့်မည်။

သူမေ့နေသည့် မှတ်ဉာဏ်တွေနှင့် သူနဲ့ယဲ့အာနှင့် ပတ်သတ်သမျှ အမှန်တရားအားလုံးသည် အထဲတွင်ရှိနေသည်။

— သို့ပေသိ ဘာကြောင့်များ အမှန်တရားကို ရှာကို ရှာရမည်နည်း?

ဖုန့်ဟွာကတွေးလိုက်သည်။ ရှောင်နဲ့ ချင်ရှီဟယ့်ကပြောခဲ့သည်။ ပထမနတ်သမီးပုံပြင်မှာ အချစ်က သေဆုံးခြင်းနဲ့ ဆက်နွယ်နေရင် ကျွန်တော်က မချစ်တော့ဘူး။ အကယ်၍ ဒီရက်စက်တဲ့ပုံပြင်ကို ထပ်ခါထပ်ခါ စက်ဝန်းပမာဆက်လုပ်စေမိတယ်ဆိုလျှင်တောင် သူနဲ့အတူရှိမယ်ဆိုလျှင် အဆင်ပြေပါတယ်။ ဖြစ်နိုင်တာက အမှန်တရားက အချစ်ဖြစ်မယ်... ဒါပေမယ့် အဲ့ဒါက ခဏတာပဲဖြစ်မယ်၊ အဆုံးသတ်မြန်မယ်ဆိုရင်? ဘာလို့များ အဆုံးမြန်မြန်သတ်ရတာလဲ? ကျွန်တော်က သူနဲ့ပဲအတူရှိချင်တာ။ ဒါကဘယ်လောက်ပဲ နာကျင်နေရပါစေ ဂရုမစိုက်ဘူး! သူ့ဆီက အချစ်ကို ဘယ်တော့မှ ပြန်မရရင်တောင် ကျွန်တော် ဂရုမစိုက်တော့ဘူး! !

ရုတ်တရက်သူက ရင်းနှီးသည့်အသံကိုကြားလိုက်ရသည်။

"ဖုန့်ဟွာ... ဒီလာခဲ့"

အိမ်ရဲ့ တံခါးရှေ့မှာ ဖုန့်ယဲ့ရန်က ထိုနေရာမှာ ရပ်နေကာ ပြုံးနေသည်။ "ဖုန့်ဟွာ... ကြည့်... ဒါက ကိုယ်တို့အိမ်လေ... မင်းကြိုက်လား?"

Monster {Completed}Where stories live. Discover now