အပိုင်း ၁၈ - ကြယ်စုံကောင်းကင်

857 188 5
                                    

Unicode

ဇန်နဝါရီ ၂ရက်နေ့တွင် ဖုန့်ဟွာက အနက်ရောင်ထီးတစ်လက်ကို ကိုင်ထားရင်း ဖုန့်ယဲ့ရန်ကို တရစပ်ကျနေသည့် နှင်းတွေကို ကာကွယ်ပေးနေသည်။

ဖုန့်ဟွာက ဖုန့်ယဲ့ရန် အအေးမိမှာကို ကြောက်ရွံ့လွန်းပါ၏။ သို့ပေသိ ဖုန့်ယဲ့ရန်ကတော့ နှင်းပွင့်တွေကြား လှပလှသည့် ကြည်လဲ့နေသော နှင်းလွှာဖြူတွေက သူ့ဆံပင်နှင့် မျက်တောင်များပေါ်တွင် လွှမ်းခြုံလာသည်အထိကို လမ်းလျှောက်ရတာကို နှစ်သက်လှသည်။

"ရှောင်ကျီကျဲက မင်းကို ဒီနေ့ စိတ်ပိုင်းဆိုင်ရာမေးခွန်းတွေမေးမယ်ဆို?" ဖုန့်ယဲ့ရန်က မေးသည်။

"အင်း... သူက ကျွန်တော့်ကို စာရွက်တချို့ဖြည့်ခိုင်းတယ်။ ပြီးတော့ မေးခွန်းတချို့လည်း မေးသေးတယ်"

"ဘာမေးခွန်းမေးတာလဲ"

"အရမ်းကို ရိုးရှင်းတဲ့မေးခွန်းတွေပါပဲ။ ဥပမာ... ဘာကြိုက်လဲ... ဘာကိုမုန်းလဲ? မကြာခဏမက်တတ်တဲ့ အိမ်မက်ကဘာလဲ? ဘာကိုကြောက်လဲ?"

"မင်းက ဘာအိမ်မက်ကိုမကြာခဏမက်တတ်လို့လဲ"

"ယဲ့အာနဲ့အတူခရီးထွက်တယ်လို့"

"အာ.... မိုက်လိုက်တာ... ဘယ်ကိုလဲ"

"ကမ္ဘာအနှံ့"

"အချိန်သာရရင် ကိုယ်တကယ်ကို သွားချင်တယ်... ပြီး‌တော့ မင်းဘာကြိုက်လဲ"

"ယဲ့အာကို"

"သောက်ကလေး ကိုယ်အတည်ပြောနေတာ! မင်းလည်းကိုယ့်ကို တည်တည်တန့်တန့်ပြန်ဖြေလေကွာ! မဟုတ်ရင် ကိုယ်မင်းကို နတ္ခတ်မျှော်စင်ကို လိုက်မပို့တော့ဘူး"

ဖုန့်ဟွာက ရယ်လိုက်၏။ "ယဲ့အာက တကယ့်ကို ကျွန်တော့်ကို ကလေးလို ဆက်ဆံနေတာပဲ"

"မင်းကအခုက ခြောက်နှစ်သားပဲရှိသေးတယ်။ မင်းပြောကြည့်လေ..., မင်းက ခုထိကလေးပဲမဟုတ်ဘူးလား"

"Adesir အတွက်ကတော့ ခြောက်နှစ်ဆိုတာ လူသားအသက် ၂၀ နဲ့ညီမျှတယ်"

"ဒါပေမယ့် Adesir သက်တမ်းက လူသားတွေထက်အများကြီး ပိုများတယ်လေ... အဲ့တော့ ခြောက်နှစ်ဆိုတာ လုံးဝကို ကလေးလေးပဲ ဖြစ်နေသေးတယ်"

Monster {Completed}Where stories live. Discover now