အပိုင်း ၂၆ - ပြိုလဲခြင်း

766 166 18
                                    

Unicode

ဇန်နဝါရီ တစ်ရက်နေ့

—အကယ်၍ ငါသေသွားရင် ဘယ်လိုလုပ်မလဲ?

—အကယ်၍ဆိုတာမရှိဘူး

ဇန်နဝါရီ နှစ်ရက်နေ့

ငါသေသွားရင် ဖုန့်ဟွာဘယ်လိုလုပ်မလဲ?

ဖုန့်ဟွာရဲ့စွမ်းအားတွေက ခံစားချက်တွေနဲ့ ထိန်းချုပ်ရတာ။ အစွန်းရောက်ခံစားချက်တွေက သူ့စွမ်းအားတွေကို ပေါက်ကွဲစေလိမ့်မယ်။ ငါ့ရဲ့သေဆုံးမှုကြောင့်သာ သူပျက်စီးသွားခဲ့ရင် လူသားမျိုးနွယ်စုအတွက်တော့ ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်။ ပြီးတော့ သူ့ကိုယ်သူလည်း ထိန်းနိုင်မှာမဟုတ်ဘူး။ သူက လုံးဝကို ဖျက်စီးပစ်တော့မှာ။ အဲ့အချိန်ရောက်ရင်ဘယ်သူမှ သူ့ကို မသတ်နိုင်လောက်တော့ဘူး။ သူက ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်း စက်တစ်ခုဖြစ်လာလိမ့်မယ်။

ငါတွေးတောင်မတွေးနိုင်ဘူး။

ဇန်နဝါရီ သုံးရက်နေ့

ငါခြံဝန်းလေးထဲထိုင်ပြီး နေဝင်နေထွက်ကြည့်ရတာကို ကြိုက်တယ်။ မြို့ကြီးရဲ့ ရုန်းကန်လှုပ်ရှားတာတွေရော မြင့်မားတဲ့ နက္ခတ်ဗေဒမျှော်စင်ကြီးကို ကြည့်နေရတာရော။ ငါအမြဲတမ်း... အင်း... မကြာခဏပေါ့ ခံစားမိတာက အထက်ကောင်းကင်က လာတဲ့အသံတွေ ပြောရမယ်ဆို ချစ်ခြင်းမေတ္တာတရားရဲ့ ပျော်မွေ့တဲ့အသံတွေကို ကြားနေရတယ်ထင်တယ်။

ဖုန့်ဟွာကတော့ အရမ်းအေးတယ်ပြောပြီးတော့ ငါ့အခန်းကနေ ခဏခဏကြည့်ရဖို့လုပ်ပေးတာပဲ။

ဒါပေမယ့် အေးစက်တဲ့ခံစားချက်က ငါလိုချင်တဲ့ အတွေ့အကြုံတွေထဲက တစ်ခုပဲလေ။

အေးစက်တဲ့ခံစားချက်အပြင်ကို နွေးထွေးမှု၊ အေးမြမှု၊ ဆူပွက်နေတဲ့ ပူလောင်မှု....

နေဝင်နေထွက်ဘယ်လောက်ကိုပဲ ငါဆက်ပြီး ကြည့်နိုင်တော့မလဲ?

ဇန်နဝါရီ လေးရက်နေ့

ငါသွေးအန်တယ်။ ဖုန့်ဟွာကတော့ ငိုပါလေရော။

ငါ အခန်းက အရမ်းကျယ်နေပြီး ဖုန့်ဟွာက သေးနေတာကို ခံစားရတယ်။

Monster {Completed}Where stories live. Discover now