အခန်း (၁)

1.4K 62 2
                                    


ကျောင်းဆင်းတဲ့အချိန်အထိ နှင်းတွေကကျနေတုန်းပဲရှိနေပြီး ဒီရက်ပိုင်းအတွင်း ရာသီဥတုက အမြဲလိုလို ဒီပုံစံအတိုင်းဖြစ်နေသည်။ ဖုခွင်းက ဘေးနားရှိ စက်ဘီးကို ဆွဲထုတ်လိုက်ပြီး ဝတ်ထားသော သိုးမွှေးဂျာကင် ၏ဇစ်ကို ပါးစပ်နားထိရောက်အောင်ဆွဲလိုက်ပြီး ကိုက်ထားလိုက်သည်။ လည်ပင်းထဲကို မြောက်လေအေးတွေ ဝင်လာမှာစိုးသလို လည်ပင်းကို ငှက်ကျားသဖွယ် ကုပ်ထားလိုက်သည်။

မူလတန်းကလေးများအားလုံးက ကျောင်းတံခါးဝမှ အတန်းလိုက် ထွက်လာနေကြပြီး ဖုခွင်းက လေးတန်းကျောင်းသားဖြစ်သွားပြီမို့ ယခုအခါ သူအဲ့လို တန်းစီပြီးထွက်ဖို့ရာ မလိုတော့ဘူး။ သူမနှစ်တုန်းကအထိ အဲ့ဒီအတန်းကြီးထဲမှာ ဝင်တန်းစီသွားခဲ့ရတာဖြစ်ပြီး အခုကျ တန်းစီစရာမလိုတော့တာကြောင့် ကိုယ့်ကိုကိုယ် ဂုဏ်ယူနေမိသည်။ အဲ့ဒီကလေးစုတ်လေးတွေတစ်သိုက်နဲ့ အဆင့်မတူတော့ဘဲ တစ်ဆင့်မြင့်သွားသယောင်ယောင် ထင်နေမိသည်။

ထိုတန်းစီသွားနေသောကလေးများက ဖုခွင်း ရှေ့မှဖြတ်လျှောက်သွားကြရင်း သူတို့အားလုံးက သူ့ကို လက်ပြနုတ်ဆက်လာကြသည်။ လူတန်းထဲမှ ကလေးတစ်ဦးက သူ့အားလှမ်းအော်ပြောလာသည် " လက်ပြတ်သွားတာလား"

ဖုခွင်းက သူ့ကို တစ်ချက်စိုက်ကြည့်ပေးလိုက်ပြီး မျက်နှာထားတည်တည်နှင့် အံကြိတ်ကာ ပြောလိုက် သည် "ထပ်ပြောရဲပြောကြည့် မင့်ခြေထောက်ကို ချိုးပစ်မယ်"

ကျန်တန်းစီထားတဲ့ကလေးများပါ အသံမထွက်ရဲကြတော့ဘဲ ခေါင်းများကိုငုံကာ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးပြီး ရှေ့ကမြန်မြန်ဖြတ်သွားဖို့ရာ လုပ်နေကြသည်။ ဖုခွင်းက ပြောရဆိုရ ခက်သည့် ထိုကလေးသုံးဦးကိုသာ ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်သော်လည်း အခြားမူလတန်း ကလေးတွေကရောပါ ထုတ်မပြောသော်ငြား သူ့ကို အလွန်ကြောက်စရာကောင်းသည့် လူတစ်ဦးအဖြစ်ထင်သွားကြသည်။

ဖုခွင်းသည် ခေါင်းကိုငုံ၍ ညာဘက်လက်မောင်းပေါ်ရှိ ဇစ်ကိုဆွဲကာ လက်နှစ်ဖက်ကို ပါးစပ်ရှေ့မှ ကာ၍ အာခနဲ အသံပြုရင်း ကလေးများကို ကြည့်မနေတော့ဘဲ စွန်းဝေကိုသာ စောင့်နေလိုက်သည်။ စွန်းဝေ အတန်းဆင်းလာတုန်းက ဘာကြောင့်မှန်းမသိ သူတို့အတန်းပိုင်က သူ့ရုံးခန်းကိုလာဖို့ ဆွဲခေါ်သွားပြီး အချိန်အတန်ကြာသည်အထိ ထွက်မလာသေးချေ။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now