အခန်း ၆၄

137 25 0
                                    

အခန်း ၆၄

ဖုရိကျယ် ရေချိုးပြီး အိပ်ခန်းထဲပြန်ဝင်လာချိန်အထိ ဖုခွင်းက ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး စိတ်မသက်မသာဖြစ်စေတဲ့ စာသားမက်ဆေ့ခ်ျကို ကြည့်နေတုန်းပင်။

ဖုရိကျယ်ရဲ့ဖုန်းကို တမင်ကြည့်တာမဟုတ်ဘဲ ဖုန်းက ပြုတ်ကျသွားလို့ ကောက်ပေးလိုက်တဲ့အခါ မတော် တဆ ထိမိသွားပြီး ကြည့်လိုက်တာလို့ ရှင်းပြချင်ပေမယ့် ဖုရိကျယ် ဝင်လာတာကို တွေ့လိုက်တော့ သူ ရှင်းပြဖို့ ပျင်းလွန်းသွားသည်။

"မင်းဆီ မက်ဆေ့ခ်ျတစ်ခု ဝင်လာတယ်၊" ဖုခွင်း က ဖုန်းကို ဖုရိကျယ်ဆီ ပေးပြီး "ငါ ဖတ်လိုက်တယ်"

"အွမ်း ဘယ်သူလဲ" ဖုရိကျယ်က ဖုန်းကိုယူလိုက်ပြီး "ကျန်းဆုန်း "

"မင်းတို့နှစ်ယောက်က..." ဖုခွင်း က အဝတ်အစားယူဖို့ ဘီရိုတံခါးကိုဖွင့်လိုက်ပြီး တံခါးနောက်မှာ ရပ်ကာ "ဒီပိတ်ရက်အတွင်း တွေ့ကြသေးလား" လို့ မေးလိုက်သည်။

"သူ ဒီမှာ မရှိဘူး" ဖုရိကျယ်က သူ့ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ကိုယ်ပေါ်က ညအိပ်ဝတ်ကို ချွတ်လိုက်ပြီး အောက်ခံဘောင်းဘီနဲ့ စောင်အောက်ကို လျှောဝင်သွားကာ"ဒီမှာ ဆွေမျိုးတချို့ ရှိကောင်းရှိနိုင်ပေမယ့် သူ အိမ်မပြန်ဘူး..."

ဖုခွင်း အံ့ဩသွားပြီး သူနားစွင့်ကာ စောင့်နေပေမယ့် ဖုရိကျယ်က စကားရပ်လိုက်တာကြောင့် သူဘီရိုတံခါးကို ပိတ်လိုက်ကာ "သူကဘာလို့ အိမ်ပြန်မလာတာလဲ"

"ဟမ်?" ဖုရိကျယ်က ယောင်ဝါးဝါး တုံ့ပြန်လိုက်ပြီး မျက်နှာကို စောင်ထဲမှာ မြှုပ်လိုက်ပြီး ဘာမှ မပြောတော့ပေ။

ဖုခွင်း အခန်းထဲတွင် အချိန်အတော်ကြာ မှင်တက်ကာ ရပ်နေခဲ့သည်။ ကျန်းဆုန်းအပေါ် သူ၏ အထင်အမြင်မှာ မူလတန်းကျောင်းတက်နေသည့် ကလေးလေး၏ အရိပ်အယောင်တွင် ရှိနေသော်လည်း ဖုရိကျယ်ရဲ့ တုံ့ပြန်မှုက တစ်ခုခု မှားနေတယ်လို့ သူ့ကို အမြဲခံစားရစေသည် ။

"ဘာလို့ အိမ်ပြန်မလာတာလဲ" ဖုခွင်းက ဖုရိကျယ်ရဲ့ တင်ပါးကို လှမ်းကန်ပြီး မေးပြန်သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now