အခန်း (၁၀)

184 42 1
                                    

ရက်နည်းနည်းလောက်ကြာတော့ ဖုခွင်းရဲ့ကုတင်သေးသေးလေး ဆွဲထုတ်ခံလိုက်ရပြီး အရမ်းကိုလှပတဲ့ သစ်သား ကုတင်တစ်လုံး အခန်းထဲကို ရောက်လာခဲ့သည်။ ဒါပေမယ့် အဲ့ဒါက ဖုခွင်းထင်ထားတာနဲ့ နည်းနည်းလေးတော့ ကွဲပြားတယ်။

သူအစက အိပ်ရာပေါ်မှာ မက်တပ်ရပ်ပြီး အိပ်ခန်းကို ငုံ့ကြည့်လို့ရမယ်လို့ ထင်နေတာဖြစ်ပြီး တကယ်တမ်းကြတော့ အပေါ်မှာ လောင်ပါးအရင်က တပ်ဆင်ထားတဲ့အဝတ်ဟောင်းတွေနဲ့ တခြားပေးပစ်ရမယ့် ထွေလီကာလီ ပစ္စည်းများထည့်ထားတဲ့ တွဲလောင်းဗီရိုက ရှိနေသေးတာမို့ သူအိပ်ရာပေါ်မှာ ဒူးထောက်ပြီးသာ နေလို့ရသည်။

ဒါပေမယ့် သူသဘောကျတဲ့ဟာတစ်ခုတော့ ရှိပါသေးတယ် အိပ်ရာရဲ့ခေါင်းရင်းက အလင်းပြတင်း ပေါက်ကို မျက်နှာမှုထားတာမို့ အပြင်ဘက်ကို လှမ်းကြည့်နိုင်သည်။ ပြောရရင် ပြတင်းပေါက်ကနေ တိုက်အနောက်ဘက်က အပျက်အစီးများနှင့် နေအိမ်အဆောက်အဦးများကို တွေ့ရပြီး ညဘက်အပြင်ဘက်ကို ကြည့်လိုက်လျှင် အရမ်းကို ကြောက်စရာကောင်းလွန်းလှသည်။ ဒါပေမယ့် ဖုခွင်း အရမ်းစိတ်လှုပ်ရှားစရာကောင်း တယ်လို့ တွေးလိုက်မိသည်။

သူ တောက်လျှောက် မှောင်လာသည်အထိ အပေါ်ထပ်မှာလဲနေပြီး အပြင်ဘက်ကိုငေးကြည့်နေတာဖြစ်ပြီး အပြင်ဘက်တွင် နှင်းများနှင့် လရောင်သာရှိတော့သည်။ သူ ပြတင်းပေါက်ကို ကြည့်နေကာ တယ်လီစကုတ်ကို လက်မှာ ကိုင်ထားပြီး ကိုယ့်ကိုကိုယ် ပုန်းအောင်းနေပြီး ရုတ်တရပ် တစ်ဆေတစ်ကောင် ထွက်လာမှာစောင့်နေတဲ့ စကေးရှိတဲ့ တစ်ဆေမုဆိုးတစ်ယောက်လို စိတ်ကူးယဉ်နေသည်။

တွေးရင်းတွေးရင်းနဲ့ အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ တောင်သုံးလုံး ပျောက်ဆုံးမှု မတော်တဆအကြောင်းကို တွေးမိသွားသည်။ ရွှေမြင်းရထားကြီး၊ ဒေါက်..ဒေါက်..ဒေါက်၊ ရွှေရောင်ပန်းတွေ၊ ဒေါက်..ဒေါက်..ဒေါက်...... ဖုခွင်း စဉ်းစားလိုက်သည်နှင့် တစ်ကိုယ်လုံးကြက်သီးထသွားပြီး မွေးညှင်းများပင်ထောင်လာသည်။ ကိုယ်ဖာသာကိုယ် ခြောက်ပြီး ကြောက်ကာ တစ်ကိုယ်လုံး ကြောက်ရွံ့မှုတွေနဲ့ နှစ်မြှုပ်နေသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now