အခန်း (၈)

170 45 0
                                    

ညအိပ်ချိန်ရောက်တော့ ဖုခွင်း ဖုရိကျယ်ကို တျိုးတျိုးလို့ခေါ်တဲ့ ခွေးကိစ္စက ဘယ်လိုဖြစ်ရတာလဲဆိုတာ ကိုမေးချင်ပေမယ့် မေးလည်း မမေးချင်ပြန်ဘူးဖြစ်နေသည်။ မေးလိုက်လို့ရှိရင် ဖုရိကျယ်က သူ့ကို ခွေးအိမ်ထဲကို ခေါ်လာလို့ရအောင် ကူညီခိုင်းလိမ့်မယ်။ သူခုထိ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို မသိသေးဘူး။

ပြောရရင် ဗိုက်ဆာမှုက အရောင်ချွတ်ဆေးနဲ့ လျှော်လိုက်သလိုကို ခံစားရပြီး သူ့အတွက်ဝေစုကလည်း အားလုံးစားလိုက်ပြီဆိုတော့ ဘယ်လို အားစိုက်မှုမှ မလုပ်ချင်တော့ဘူး။

"ကိုကို" ဖုရိကျယ်က သူ့ဘောင်းဘီကို ဆွဲလိုက်ရင်း ဖွဖွလေးပွတ်သပ်ကာ ခပ်တိုးတိုးခေါ်လိုက်သည်။

"ဟမ်?" ဖုခွင်းက တုံ့ပြန်လိုက်ပြီး တစ်ဆက်တည်းမှာပင် ဗိုက်ထဲကနေလည်း အသံတစ်ချက်ထွက်သွားသည်။ သူထူးလိုက္သံက တဂြီဂြီအသံၾကားမွာ ရောသွားသည်။

"ဗိုက်ဆာနေတာလား?" ဖုရိကျယ်က မေးလိုက်သည်။

"လျှောက်ပြောနေပြန်ပြီ၊ နှစ်နပ်တောင် မစားထားတာ မဆာဘဲနေမလား၊ ဒီမြည်နေတဲ့အသံတွေကို မကြားဘူးလား" ဖုခွင်း မင်း ငါ့ကို ကြက်ဥတစ်လုံးတောင်မပေးဘဲနဲ့ ဘယ်လိုအဓိပ္ပာယ်နဲ့များ မေးနေတာလဲလို့ ပြောလိုက်ချင်ပင်မယ့် ဒီနေ့ ထမင်းနှစ်နပ်မစားရတဲ့ အကြောင်းရင်းကို တွေးလိုက်မိပြီး ထပ်မပြောဘဲ ရပ်ထားလိုက်သည်။ သက်ပြင်းချကာ " အိပ်တော့၊ ငါပြောတာကို စိတ်မနှောင့်ယှက်ဖြစ်မနေနဲ့၊ ငါလည်း အိပ်ပျော်သွားရင် ဗိုက်မဆာတော့ဘူး"

"ရော့" ဖုရိကျယ်က ရုတ်တရပ် သူ့လက်ကို ကိုင်လိုက်ပြီး ကြက်ဥတစ်လုံးကို သူ့လက်ထဲကို ထည့်ပေးလိုက်သည်။

ဖုခွင်း အရမ်းအံ့ဩသွားပြီး သူ့မျက်စိရှေ့က ကြက်ဥကို အချိန်အကြာကြီးစိုက်ကြည့်နေပြီး ထိုကြက်ဥက အစစ်ဖြစ်ကြောင်းကို အတည်ပြုပြီးကာမှ ဖုရိကျယ်ဘက်သို့ လှည့်ကာ "ဘယ်ကရလာတာလဲ?"

"မီးဖိုချောင်ထဲက" ဖုရိကျယ်က ပြန်ဖြေလိုက်သည်။

"မီးဖိုချောင်?" ဖုခွင်းအံ့အောသွားသည်။ သူတို့အိမ်က ကြက်ဥတွေ ဝယ်လာပြီးတိုင်း အခန်းမှာသာ သိမ်းထားလေ့ရှိပြီး ပြုတ်ရင်ပြုတ်သလောက် အကုန်စားလိုက်လေ့ရှိသည်။ မီးဖိုချောင်ထဲမှာ သိမ်းထားဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ။ သူ ရုတ်တရပ် ထထိုင်လိုက်ကာ အသံတိုးတိုးဖြင့် "ကျောင်းသား ဖုရိကျယ်၊ မင်းမီးဖိုချောင်ရဲ့ ဘယ်နားလေးက ကြက်ဥတွေကို ယူလာခဲ့တာလဲ?"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now