အခန်း ၃၈

125 27 1
                                    

အခန်း ၃၈

ဒီစတိုးဆိုင်က တော်တော်လေးကျယ်တာပဲ၊ အရှေ့ဘက်မှာလည်း စားသောက်ဆိုင်တစ်ဆိုင်ထပ်ဖွင့် ထားတဲ့အပြင် အနောက်ဘက်မှာလည်း ဂိုဒေါင်အလွတ်ကြီးတစ်လုံးက ရှိသေးသည်၊ ဘယ်သူကမှ မစောင့်သလို ဂရုလည်းမစိုက်ကြဘူး၊ ဖုခွင်း တစ်ခါမှ ဒီနေရာကို မလာဖူးဘူး သူတွေးမိလိုက်တာက ဒီနေရာက ညဘက်သောက်တာများပြီး အိမ်သာရှာမတွေ့တဲ့သူတွေ သဘောကျလောက်မယ့် နေရာမျိုးပဲဆိုပြီး...

ဝမ်ကျစ်ချန်က အထဲကိုဝင်သွားလိုက်သည်၊ ဂိုဒေါင်ထဲမှာ ဖုန်မှုန့်တွေက ထူထဲနေပြီး မီးရောင် ခပ်မှိန်မှိန်သာ ထွန်းထားသည်၊ ထောင့်နားမှာ ပစ္စည်းများကိုစုပုံပစ်ချထားပြီး သေချာကြည့်လိုက်မှ အဲ့တာတွေက ဆန်အိတ်နဲ့ ဂျုံအိတ်တွေမှန်း သိလိုက်ရသည်

ဖုခွင်း နောက်ကနေလိုက်ဝင်သွားပြီး တုံပေဆန်အိတ်ကြီးတစ်ခုပေါ်တွင် ရပ်လိုက်သည်၊ သူအစက ရှေ့နားက ဆန်အိတ်က ထိုင်းဆန်မွှေးဟုတ်မဟုတ် သွားကြည့်ချင်ခဲ့သော်လည်း အဲ့ဒီနေရာက ဝမ်ကျစ်ချန်နဲ့ အရမ်းကြီးနီးနေတာဆိုတော့ မသွားပဲ နေလိုက်သည်

"ဖုခွင်း၊ ဒီနေ့တော့ ငါတို့ရှင်းရှင်းလင်းလင်းလေး လုပ်ကြတာပေါ့" ဝမ်ကျစ်ချန်က ခြေလက်များကို လှုပ်ရှားရင်း လည်ပင်းကိုချိုးကာပြောလိုက်သည်၊ လည်ပင်းကိုချိုးတဲ့အချိန် အတော်လေးကို အားထည့်နေပြီး ကြည့်ရတာ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံထွက်ချင်နေပုံပင်၊ ဒါပေမယ့် အသံက ထွက်မလာဘူး

ဖုခွင်း ခေါင်းငုံ့ပြီး တုံပေဆန်အိတ်ကိုကြည့်လိုက်သည်၊ ဝမ်ကျစ်ချန် ဒီနှစ်တွေအတွင်း ကြည့်ရတာ တော်တော်လေး ဆိုးသွမ်းလာခဲ့ပုံပင်၊ ပြောလာတဲ့စကားကိုက သွေးနံ့တွေ လွှမ်းနေသလိုလို "ငါ့မှာ မျက်နှာချင်းဆိုင် ပြောစရာတစ်ခုရှိတယ်"

'ပြော" ဝမ်ကျစ်ချန်က လက်ဝှေ့ယမ်းလိုက်သည်

"ငါတို့နှစ်ယောက် ဘာကိစ္စကို ရှင်းရှင်းလင်းလင်းလုပ်သင့်နေတာလဲဆိုတာ မသိပေမယ့် မင်းက ရှင်းဆိုတော့လဲ ရှင်းရတာပေါ့" ဖုခွင်းက လွယ်အိတ်ကို ဘေးနားပစ်ချလိုက်တော့ ဖုန်မှုန့်တွေက လွင့်ပျံထွက်လာသည် "ဒါပေမယ့် မင်းဘာသာ ဦးထုပ်စိမ်းဆောင်းပေးချင်ရင်တော့ ငါ့ကိုလာမရှာနဲ့ အဲ့တာက ငါနဲ့မဆိုင်ဘူး၊ မင်းမှာ အဲ့လိုဝါသနာရှိရင် တခြားလူကိုရှာပြီးသာ ကစားနေလိုက်"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now