အခန်း ၇၃

126 30 0
                                    


အခန်း ၇၃

ဖုခွင်းက အသံမထွက်လာဘူး၊ စွန်းဝေ ပျောက်သွားတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်ပြီး သူ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။

ဒီအဖြစ်အပျက်ကို သူပြန်မမှတ်မိချင်တော့သလို ဒီအဖြစ်အပျက်ကို တခြားသူတွေကို ဘယ်လိုပြောပြရမှန်းလည်းမသိဘူး။

သူပြောပြီးရင် သူရင်ဆိုင်ရမယ့် မေးခွန်းတွေကို ပိုလို့တောင် မခံချင်စိတ် ဖြစ်နေမိသည်။ သူက ဘယ်လိုကနေဒီလိုဖြစ်သွားတာလဲ။ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ?

ဖုခွင်းက တံခါးကို ပျင်းရိပျင်းတွဲမှီထားကာ ဖုရိကျယ် ၏ နွေးထွေးတဲ့ အသက်ရှုသံများက သူ့နားတဝိုက်ကို နွေးနွေးထွေးထွေး သက်တောင့်သက်သာ ခံစားရစေသော်လည်း တင်းထားတဲ့ကြိုးကိုတော့ မဖြေလျှော့နိုင်သေးပေ။

"ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြော" ဖုရိကျယ်က တိုးတိုးလေးမေးသည် "ကော၊ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြပေးလို့ရမလား"

"ငါအရင်ရေချိုးလိုက်အုန်းမယ်" ဖုခွင်းက သူ့နဖူးကို ညင်သာစွာပုတ်ပြီး ပြုံးကာ "ငါရေမချိုးတာ နှစ်ရက်သုံးရက်ရှိပြီ"

ဖုရိကျယ်က နောက်ထပ်မေးခွန်းတွေမမေးတော့ဘဲ သူ့ကိုလွှတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ဖုခွင်း ရေချိုးဖို့ပြင်လိုက်ပြီး ဖုရိကျယ်က ပြတင်းပေါက်နားမှာ ခဏ ရပ်နေပြီး စားပွဲပေါ်ပစ်တင်ထားတဲ့ ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကို ခုတ်ကြည့်လိုက်သည်။

ဒီကတ်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူရင်းနှီးမြှုပ်နှံထားတဲ့ စတော့ရှယ်ယာများက ငွေများပါရှိပြီး ဒါက သူရဲ့ဘဏ္ဍာတိုက်ငယ်ပင် ဖြစ်သည်။ ဒီထဲမှာ များစွာမကျန်တော့သော်လည်း လာမည့်နှစ် ဘွဲ့ရပြီးနောက် သုံးရန် စီစဉ်ထားသည့် ယွမ် 100,000 ခန့် ကျန်သေးသည်။

ဖုခွင်း ရဲ့ငွေတွေက ဘာဖြစ်သွားတာလဲ သူ မသိဘူး၊ငွေ ကွာဟချက်က ဘယ်လောက်ကြီးလိုအပ်လဲ သူ မသိသေးဘူး၊ တကယ်လို့ ပိုက်ဆံ မလောက်ခဲ့ရင်.....

ဖုခွင်း ရေချိုးပြီး အခန်းထဲပြန်ဝင်လာတော့ ဖုရိကျယ်က တာတာမီပေါ်တွင် ထိုင်ကာ အတွေးနယ်ချဲ့နေပြီး သူ ဝင်လာသည်ကို မြင်သည်ထိ ငေးကြောင်နေသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now