အခန်း(၂)

430 57 0
                                    

ဖုရိကျယ်?

ဖု?

နာမည်အသစ်လား?

ဖုခွင်း ကမ်းပေးလာသောလက်ကို သူ သက်တောင့်သက်သာ ကြည့်လိုက်ပြီး ပြန်တော့ မဖြေပေ။ သို့သော်လည်း ဖုခွင်းက လက်ကိုပြန်မရုတ်သေးပဲ ဆက်ကမ်းပေးထားပြီး သူမတုန်မလှုပ်ပဲ ဆက်ရှိနေသည်ကို မြင်သောအခါ ပြောလာသည် " မြန်မြန်လုပ်၊ မင်း ဗိုက်မဆာဘူးလား"

သူနူတ်ခမ်းကို ကိုက်လိုက်ပြီး လက်ကိုအိပ်ထောင်ထဲကို ထည့်မြဲတိုင်း ထည့်ထားကာ မတုန်မလှုပ် နေနေလိုက်သည်။

ဒီလိုကမ်းလှမ်းလာတဲ့ လက်ပေါင်းများစွာကို သူအများကြီး မြင်တွေ့ခဲ့ပြီးပြီ အကြိမ်တိုင်း သူ ဒီလက်တွေကို မျှော်လင့်တကြီး ဆုတ်ကိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အားလုံးက ချန်ထားရစ်ခဲ့ကြတာကြီးပဲ။

အခုတစ်ခေါက်ထပ်ပြီး သူ ချန်ရစ်ထားမခံချင်တော့ဘူး။

"အားရိုး! မင်းဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ" ဖုခွင်းက စိတ်ရှည်သည်းခံတက်တဲ့ အစ်ကိုကြီးကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပေမယ့်လည်း ဒီညီလေးက ရိုးရိုးသားသားနဲ့ အရမ်းကို သက်သောင့်သက်သာမရှိသေးတာကြောင့် သူကပဲ အိတ်ထောင်ထဲက ဖုရိကျယ်ရဲ့လက်ကိုဆွဲဖို့ လှမ်းလိုက်ပြီး " လာ၊ အစ်ကိုနဲ့အတူ ဂျုံသွားနယ်ကြမယ်၊ မငိုနဲ့တော့၊ ငိုရင် မင့်မျက်နှာတွေ စုတ်ပြတ်ကုန်လိမ့်မယ်"

ဖုခွင်းက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တာကြောင့် အရိုးတွေတောင် နည်းနည်းနာသလို ခံစားလိုက်ရပေမယ့် ရုန်းကန်ခြင်းမပြုခဲ့ပေ။

ဒီလက်တွေက အားပြင်းတယ်ဆိုပေမယ့် နွေးလည်းနွေးထွေးတယ်။

"ကျောပိုးအိတ်က မင်းဗိုက်ပေါ်မှာ ပေါက်နေလို့လား? မကိုင်ထားနဲ့တော့" ဖုခွင်းက သူ့လက်ထဲတွင်ပွေ့ကိုင်ထားသော ကျောပိုးအိတ်ကို လက်မောင်းကြားမှ ဆွဲထုတ်၍ မ ပြီး ချပေးလိုက်ကာ " ဆိုဖာပေါ် တင်ထားလို့ရတယ်လေ"

ဖုရိကျယ်ရဲ့ ကျောပိုးအိတ်ကို ဆိုဖာပေါ်ကို တင်လိုက်ပြီး

"အေးလား?" ဖုခွင်းက ထပ်မေးပြန်သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now