အခန်း ၃၅

130 29 0
                                    

အခန်း၃၅

အနုပညာကျောင်းတက်မတက်ဆိုတဲ့ ကိစ္စမှာ ဖုခွင်းအဖြေမရှိဘူး၊

သူငယ်ငယ်ကတည်းက ပန်းချီဆွဲရတာကို သဘောကျတာဖြစ်ပြီး အတန်းဖော်တော်တော်များများကလည်း သူ အနုပညာကျောင်း တက်မယ်လို့ထင်နေကြသည်၊ တက်ဖို့ရာပြင်ဆင်ပြီးနေပြီလို့တောင် ထင်နေကြသည်၊ ဒီနှစ်ထဲမှာပဲ ဆရာကို ဖိတ်ခေါ်ပြီး သင်ကြားမယ်လို့ပေါ့

ဖုခွင်းလာမယ့်နှစ်တွေအများကြီးအတွက် သိပ်မစဉ်းစားထားဘူး၊ ဖုရိကျယ် သူ့ကို ပထမဆုံးအကြိမ် အနုပညာကျောင်းတက်မို့လားလို့ မေးလာတုန်းက သူဖြေခဲ့သလိုပင်၊ အခုသူ့ရဲ့အဖြေကလည်း အဲ့လိုပဲ သိပ်ပြောင်းလဲမှုမရှိဘူး

ချီးကိုသင်၊ ပုံဆွဲတာက အပျော်ပါဆို

ဖုခွင်းအမြဲတမ်း သူ့စာအုပ်ထဲက အကြောင်းအရာတွေကို မေ့လျော့နေတာမျိုးမဟုတ်ပေမယ့် သူဝန်ခံရမှာက သူ ရိကျုံးမှာ ဝင်ခွင့်နှစ်ခါအောင်ခဲ့ပေမယ့် သူနဲ့ဖုရိကျယ်က မတူဘူးဆိုတာပင်

ဖုရိကျယ်က သင်ယူရခြင်းကို ပျော်ရွင်ပြီး တက်ကြွတဲ့လှုပ်ရှားမှုအဖြစ် မှတ်ယူထားပေမယ့် သူက အဲ့လိုမမှတ်ယူနိုင်ဘူးပင်

တက္ကသိုလ်တက်တာ ဘယ်မေဂျာကို ယူတာဆိုတာတွေကို သူဘယ်တော့မှ မစဉ်းစားခဲ့ဖူးဘူး၊ အထက်တန်း ပထမနှစ် အထက်တန်း ဒုတိယနှစ်၊ သူ ဒီလိုနဲ့ရောက်လာခဲ့တာဖြစ်သည်၊ အတန်းထဲသွား စိတ်ပျံ့လွင့်၊ ကျောင်းဆင်းတာနဲ့ လေလွင့်၊ အိမ်ပြန် ပန်းချီဆွဲ၊ အိမ်စာလည်း သတိရရင်ရေး၊ သတိမရရင် ကူး

စာမေးပွဲမှာလည်း တစ်ခါမှ လှည့်စားပြီး ကြိုးစားပမ်းစား ကူးချတာမျိုးမလုပ်ဘူး၊ တက်နိုင်သလောက်ရေးလိုက်၊ မရေးနိုင်ရင် ဒီတိုင်း အဖြေလွှာအပ်ပေးလိုက်တာပင်

ဒီလိုအခြေအနေမျိုးက တက္ကသိုလ်တက်ဖို့မပြောနဲ့ အတန်းတက်နေတာတောင် အချိန်နဲ့ ငွေကို ဖြုန်းတီးနေတာပင်

ဖုခွင်းအရင်တုန်းက ဒီလိုကိစ္စတွေကို မတွေးဖူးဘူး၊ အခုမျက်စိရှေ့ကိုရောက်လာတော့ သူ ဂဏာမငြိမ်ဖြစ်သွားသည်

ဂဏာမငြိမ်ဖြစ်တဲ့အချိန် အကောင်းဆုံးသော စိတ်ဖြေလျှော့နည်းက စွန်းဝေခေါ်ပြီး လျှောက်ပတ်သွားခြင်းပင်၊ ဒါကြောင့် သူ ပိတ်ရက်မှာ စွန်းဝေနဲ့အတူ ဈေးဝယ်ထွက်ဖို့ ချိန်းလိုက်သည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now