အခန်း ၂၇

151 35 0
                                    

ဖုခွင်းက ဖုရိကျယ်ကို စိုက်ကြည့်နေပြီး အတန်ကြာမှ လက်ထဲက စာအုပ်ကို ရှေ့ကိုချလာသည် "ရှဖေးနဲ့ ကျန်းချင်ခိုင်က ......တွဲနေတာ?"

"အင်း" ဖုရိကျယ်က ခေါင်းညိတ်လိုက်သည်

ဖုခွင်း တစ်လုံးမှ ပြန်မပြောနိုင်ဘူးဖြစ်သွားသည်၊ ဖုရိကျယ်က လိမ်မပြောတတ်ဘူး၊ အထူးသဖြင့် ဒီလိုကိစ္စမျိုးကိုပေါ့၊ သူ ရှဖေးရဲ့ကိစ္စကို ဘယ်လိုမှလိမ်ပြောမှာ မဟုတ်ဘူး

လိင်တူကြိုက်တာ

ဒါက ဖုခွင်းခေါင်းထဲက ပထမဆုံးတုံ့ပြန်မှုပဲ၊ သူ ခါတိုင်းဆို ကျောင်းသားအချင်းချင်း စနေကြပင်၊ ဘယ်သူနဲ့ဘယ်သူက လိင်တူကြိုက်နေတာဆိုပြီးတော့ပေါ့၊ ဒါပေမယ့် လိင်တူကြိုက်တာကို တကယ် တွေ့လိုက်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး၊ သူ့အတွက်ပြောရရင် ဒီလိုစကားတွေက စနောက်တာ သက်သက်ပဲ တခြား နှိမ့်ကျတယ်ဆိုတဲ့ အယူအဆမျိုး မရှိဘူး

ဟုတ်တယ်၊ နှိမ့်ကျတာမျိုး

ရှဖေးနဲ့ ကျန်းချင်ခိုင်က ဒီလိုပတ်သက်မှုမျိုးဆိုတော့ ဖုခွင်းအတွက် အလွန် အံ့ဩစရာပင်

ဖုရိကျယ်က သူနဲ့ ဒီကိစ္စကို ဆက်ပြီးမပြောတော့ဘူး၊ ဖုခွင်း မန်ဟွ ဖတ်နေပေမယ့် စိတ်က စုစည်းလို့မရဘူးဖြစ်နေသည်၊ စားပွဲမှာ ထိုင်နေရင်း တစ်ယောက်တည်း အတွေးများနေမိသည်

သူ တစ်လျှောက်လုံးထင်ထားတာက ရှဖေးနဲ့ကျန်းချင်ခိုင်က ညီအစ်ကိုကောင်းတွေလို့ပေါ့လေ၊ တစ်နေ့မတွေ့ရတာကို သုံးနှစ်လောက်လို့ထင်တဲ့ အမျိုးပေါ့

အခု သေချာစဉ်းစားကြည့်လိုက်တော့မှ သူနဲ့စွန်းဝေကလည်း အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာပဲ၊ သူက စွန်းဝေအတွက်ဆို နှစ်ခွန်းပြောစရာမလိုပဲ ရန်ဖြစ်ပေးမယ်၊ စွန်းဝေကလည်း သူ့အတွက် ဘာတစ်ခွန်းမှ မပြောဘဲ ရန်ဖြစ်ပေးမယ်

ဒါပေမယ့် နေ့တိုင်း စွန်းဝေနဲ့ တပူးတွဲတွဲတော့ မနေချင်ဘူးလေ

အဲ့လိုဆိုတော့မှ ရှဖေးက တကယ် လိင်တူကြိုက်တာပဲ၊ ဒါပေမယ့် သူ ရှဖေးက ပုံမှန်မဟုတ်ဘူး ဆိုတဲ့စကားကို လက်မခံနိုင်ဘူး

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Onde histórias criam vida. Descubra agora