အခန်း ၅၅

151 29 0
                                    

အခန်း ၅၅-

ဖုရိကျယ် အပြင်းအထန် ရင်တုန်သွားသည်၊ သူဖုန်းနဲ့ နောက်ဆုံးစကားကို ပြောလိုက်တုန်းက အသံကို တိုးတိုးလေး ကောပြောလိုက်ရဲ့လား၊ ကျန်းဆုန်းကကော ဘယ်အချိန်ကတည်းက ရောက်နေတာလဲ၊ ကြားများသွားသလား။

ကြားသွားရင် ဘယ်လိုတွေများ တွေးနေမလဲ။

သာမာန်အားဖြင့်တော့ ကိုယ့်အစ်ကိုကို လွမ်းတယ်လို့ ပြောတာက ထူးဆန်းတာမျိုး မဖြစ်ပေမယ့် သူသုံးလိုက်တဲ့ လေသံကကော ဘယ်လိုမျိုးလဲ မမှတ်မိတော့ဘူး...

တခြားတစ်ယောက်ဆိုရင် ဒီလိုစကားတွေကြားရရင်တောင် အပိုတွေးစရာတွေ မရှိနိုင်ပေမယ့် အခု ဒီလူက ကျန်းဆုန်း ဖြစ်နေသည်။

"ပြောပြီးပြီလား" ကျန်းဆုန်းက သူ့ကိုမေးသည်။

"အင်း။" ဖုရိကျယ်က တခြားဘာမှ မပြောဘဲ အသံပြုလိုက်သည်။ သူ အခု နှလုံးခုန်နေတဲ့နှုန်းက သူ့ပါးစပ် ဖွင့်လိုက်တာနဲ့ ကျန်းဆုန်းမျက်နှာကို သူ့နှလုံးက ခုန်ပြီး လှမ်းပေါက်တော့မလို ခံစားရသည်။

"တစ်ခုခုစားအုန်းမလား" ကျန်းဆုန်းက သူ့ဗိုက်ကို ပွတ်ရင်း "ငါ တစ်နေ့လုံး ပတ်သွားနေရတော့ ကိုယ်အလေးချိန် ကျသွားသလိုတောင် ခံစားရတယ်"

"ငါ မင်းကို ကျွေးမယ် " ဖုရိကျယ်က ခဏလောက် စဉ်းစားပြီး " အကင်သွားစားရအောင်၊ ပြီးတော့ အိပ်ဆောင်ကိုလည်း ပါဆယ်ယူသွားမယ်"

ကျောင်းရှေ့က အကင်တွေက ဖုခွင်း ဝယ်ကျွေးတဲ့ သာ့ထုန်က အကင်တွေလောက် မကောင်းဘူး၊ ရှင်ကျန်းလူမျိုးတွေလို ၀တ်စားပြီး လျှာလိပ်ပြီးစကားပြောကြပေမယ့် အကင်တွေက အဲ့ဒီဘက်က အရသာနဲ့မတူဘူး။

"စားလို့မကောင်းဘူး" ဖုရိကျယ်က အရသာမရှိဘူးလို့ ပြောပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အကင်လေးငါးချောင်းစားလိုက်ပြီး "ဒီ ရှင်ကျန်းအစ်ကိုကြီးတွေရဲ့ မုတ်ဆိတ်မွေးကို ကော်နဲ့ကပ်ထားတာထင်တယ်"

ကျန်းဆုန်းက ဆိတ်သားကင်ကို ယူလိုက်ပြီး "ငါလည်း မုတ်ဆိတ်မွေးကပ်ပြီး အကင်ရောင်းဖို့ ဒီကို လာရမယ်ထင်တယ်။ သူ့ထက် ငါကလျှာကို ပိုကောင်းအောင် လိပ်နိုင်တယ်"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now