အခန်း ၄၃

131 26 1
                                    

အခန်း ၄၃

ဖုခွင်း ဈေးဝယ်ပြီး အိမ်မပြန်ရောက်သေးခင်အချိန်ကတည်းက စွန်းဝေက သူ့ကိုအကြိမ်ပေါင်းများစွာ ဖုန်းခေါ်ပြီး လူချွမ်းယွီက သူစိတ်ဝင်စားတာကို အသိအမှတ်ပြုခဲ့တဲ့အကြောင်း ငိုယိုပြောပြပြီး နောက်ထပ် ညစာထွက်စားဖို့ပါ သဘောတူခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြလာသည်။

ဒီလူချွမ်းယွီဆိုတဲ့တစ်ယောက်ကို မမြင်ဖူးသေးပေမယ့် စွန်းဝေသူ့အကြောင်းကို ပြောပြနေတာတော့ တစ်နှစ်ကျော်လောက်တောင် ရှိပြီထင်တယ်၊ သူမက သူတို့ကျောင်းဘေးက ခရီးသွားလုပ်ငန်းအထူးပြုကျောင်းက ကျောင်းသူဖြစ်ပြီး အခု ခရီးသွားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတာဖြစ်သည်၊ ပြီးတော့ သူမက စွန်းဝေ၏စိတ်ထဲတွင်တော့ အစားထိုးမရတဲ့ နတ်သမီးတစ်ပါးပင်။

"မင်းပြန်ရောက်တာနဲ့ ညစာသွားစားရအောင်" စွန်းဝေက စိတ်လှုပ်ရှားစွာပင် အစီအစဉ်တွေဆွဲနေသည် "ပြီးတော့ မင်းရဲ့အနာဂတ် မရီးနဲ့တွေ့တယ်လို့ သဘောထားပေါ့"

"မင်းဘယ်တုန်းက ငါ့ထက်ကြီးသွားတာလဲ" ဖုခွင်းက ရယ်လိုက်သည်၊ စွန်းဝေက သူ့ထက် သုံးလလောက်ငယ်သည်၊ "ပြီးတော့ မင်းတို့နှစ်ယောက်ချိန်းတွေ့တာကို၊ ငါက ဘာသွားလုပ်ရမှာလဲ၊ မသွားဘူး"

"မလုပ်ပါနဲ့၊ မင်းလာခဲ့ပါ၊ ပြောရရင် ငါတစ်ယောက်တည်းမသွားချင်လို့၊ သူ့ညီမကိုခေါ်လာခဲ့ခိုင်းလိုက်မယ်" စွန်းဝေက စုတ်တစ်ချက်သပ်လိုက်ပြီး "ငါသူမကြောင့် ရူးသွားပြီလို့ ထင်နေတာလား?"

"အတိအကျပဲ၊ မင်းကြည့်ရတာ လူကောင်းနဲ့ကိုမတူတော့ဘူး" ဖုခွင်းက တဟားဟားရယ်ပြီး ပြောလိုက်သည်

"လခွမ်းဘဲ ငါကသူမငါ့ကို ထိမှာစိုးလို့၊ ဒါကြောင့် ငါမင်းကိုခေါ်သွားတာ...." စွန်းဝေက ထပ်စဉ်းစားလိုက်ပြီး "မင်းပြောကြည့် ငါဒီလိုချောမောတဲ့ ရွိုက်ကောတစ်ယောက်ကိုခေါ်သွားတာ၊ သူမ မင်းကိုများ မျက်စိကျသွားမလား မသိဘူးနော်?"

"ညလယ်စာ စားတာ တခြားလူကို ကြည့်နိုင်ပါအုန်းမလား၊ ဒီလိုမိန်းကလေးမျိုးဆို မင်းလည်း ဂရုစိုက်နေစရာ မလိုဘူး" ဖုခွင်းက ရယ်လိုက်သည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now