အခန်း ၆၀

151 27 0
                                    

အခန်း ၆၀

ဖုရိကျယ်က တာတာမီပေါ်တွင် လှဲလျောင်းရင်း လိမ့်ကာ ရေချိုးချင်တယ်ဟုသာ အော်နေသည်။

ဖုခွင်း ကူကယ်ရာမဲ့ဖြစ်ပြီး အဝတ်အစားတွေကို စမ်းကြည့်ရန် လက်လှမ်းလိုက်သည်။

"သတိလေးဘာလေးထားအုန်း" ဖုခွင်းက သက်ပြင်းချမိသည်။ ဖုရိကျယ် ၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည်။ ဒီကလေးက အသန့်အပြန့် အလွန် ကြိုက်သည်။ သူ့ကို ဒီချွေးတွေနဲ့ အိပ်ပျော်အောင် လုပ်ဖို့ဆိုတာက တကယ်ကို ခဲယဉ်းလှသည် "မင်း နည်းနည်း သည်းမခံနိုင်ဘူးလား၊ အဖျားရှိနေတာကို၊ ."

"ငါ ရေချိုးချင်တယ်" ဖုရိကျယ်က စောင်ကို ပွေ့ဖက်ရင်း ရယ်နေသေးသည်။

"ဟေ့" ဖုခွင်း မတ်တပ်ထရပ်ပြီး အိပ်ခန်းထဲက ထွက်သွားသည်။

လောင်ပါးနဲ့မားက အခန်းထဲဝင်ပြီး အထဲမှာ အေးအေးဆေးဆေး စကားပြောနေကြသည်။

ဖုခွင်းက ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေအပူချိန်ကို မြှင့်လိုက်ပြီး နေ့ခင်းဘက်က လေဝင်လေထွက်ကောင်းရန် ဖွင့်ထားသော ပြတင်းပေါက်များကို ပိတ်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

ဖုရိကျယ်က တာတာမီပေါ်တွင် အနေအထားပြောင်းကာ ခေါင်းအုံးပေါ် ဒူးထောက်ကာ တင်ပါးကို မြှောက်ပြီး တိုးတိုးလေး သီချင်းဆိုကာ သူဝင်လာသည်ကို ကြားတာနဲ့ "ရေချိုးမယ်လို့" ဟု ထပ်မံပြောပြန်သည်။

"ချိုးမယ်!" ဖုခွင်းက သူ့တင်ပါးကို ကန်လိုက်ပြီး "ထ၊ ရေချိုးမယ်"

"အင်း" ဖုရိကျယ်က ဖြည်းညှင်းစွာထရပ်လိုက်ပြီး နံရံကိုမှီကာ ချိတ်ထားတဲ့ သူ့ခရီးဆောင်အိတ်ကိုဖွင့်ကာ အတွင်းခံဘောင်းဘီတစ်ထည်ကိုထုတ်ပြီး လက်ထဲမှာကိုင်လိုက်သည်။

"သွားမယ် ရေသွားချိုးရအောင်" ဖုခွင်း က သူ့ကို ရေချိုးခန်းထဲ တွန်းပို့သည်။

ရေချိုးခန်းထဲမရောက်ပင် ဖုရိကျယ်က သူ့ရဲ့အဝတ် အစားတွေ၊ အင်္ကျီ၊ ဘောင်းဘီတွေကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားချိန်တွင် အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now