အခန်း (၂၁)

220 40 2
                                    

ကျန်ဆုန်းက ထို့နေ့နောက်ပိုင်းကနေစပြီး ဖုရိကျယ်ကို စကားလာမပြောတော့ချေ၊ ကျောင်းဆင်းတာနဲ့ ခေါင်းငုံ့ပြီး စာသင်ခန်းထဲကနေ ထွက်ပြေးသွားလေ့ရှိသည်။

ဖုရိကျယ်ကလည်း သူ့ကိုအကြိမ်ကြိမ်ခေါ်လိုက်ချင်ပေမယ့် သူ့ပါးစပ်က မထွက်နိုင်ဘူး၊ သူနဲ့ ကျန်ဆုန်း တို့ရဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးကနေ ခွဲထွက်လာနိုင်ဖို့အတွက် သူဘယ်လိုလုပ်သင့်လည်း ဆိုတာကိုလည်း သူမသိဘူး။

သူနဲ့ကျန်ဆုန်းက တစ်တန်းကနေ လေးတန်းအထိ တစ်ခါမှကို စကားများ ရန်မဖြစ်ဖူးဘူး၊ အငြင်းပွား စရာတွေ ရှိလာရင်တောင် သူက မင်းဒီလိုပြောရင် ငါမင်းနဲ့စကားမပြောတော့ဘူးလို့ ပြောလိုက်ရင် ကျန်ဆုန်းက ချက်ချင်း သဘောတူလာသည်သာ။

ဒါကြောင့် အခုလို အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရချိန်တွင် ဖုရိကျယ် လုံးလုံးကို ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။

နောက်ဆုံးအတန်းတင် စာမေးပွဲရောက်လာပြီမို့ သူ သေချာပေါက် အတန်းတင်စာမေးပွဲပြီးတာသွားတာနဲ့ ရှဖေးကို သွားရှာပြီး ရှဖေးဆီက အကြံဉာဏ်သွားတောင်းရပေမည်။

ဒီလိုကိစ္စမျိုးကို သူ ဖုခွင်းသွားပြောပြလို့မရဘူး၊ အံဆွဲနဲ့ ကုတင်အောက်မှာ အဝါရောင် ကာတွန်းတွေ ဝတ္ထုတွေ မနည်းဘူးရှိနေတဲ့ ဖုခွင်းရဲ့ သဘောထားက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားမလဲဆိုတာ သူ မသိဘူး။

ဒါပေမယ့် ကျန်ဆုန်းက နောက်ဆုံး စာမေးပွဲကို လာမဖြေခဲ့ဘူး။

စာမေးပွဲ မတိုင်ခင် တစ်ပတ်အလိုလောက်ကတည်းက ကျန်ဆုန်း ရုတ်တရပ်ကြီး ကျောင်းမလာတော့ဘဲ စာမေးပွဲ ပြီးသည်အထိ ထပ်ပြီးတော့ ပေါ်မလာတော့ချေ။

ဆောင်းရာသီ ကျောင်းပိတ်ရက်မတိုင်ခင် မိဘဆရာ တွေ့ဆုံပွဲနေ့တွင် ဖုရိကျယ် အခန်းတံခါးဝမှာ တစ်ချိန်လုံး ရပ်နေတာတောင် ကျန်ဆုန်းရဲ့ မေမေကို သူမတွေ့ခဲ့ဘူး။

ဖုရိကျယ် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ယွီလောင်ရှီးကို သွားရောက် မေးမြန်းရတော့သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now