အခန်း ၂၃

157 37 2
                                    

"အပြန်အလှန်လုပ်မလား" ဖုရိကျယ်က ရေသောက်ရင်း သူ့ကိုလှမ်းမေးလိုက်သည်။

"ဘာကို အပြန်အလှန် လုပ်မလားလဲ" ဖုခွင်းက လဲလျောင်းကာ ဖုရိကျယ်ကို ဆက်တိုက် စိုက်ကြည့်နေရင်း မေးလိုက်သည်။

ဒီကလေးက ငယ်ငယ်လေးကတည်းက လှပတာဆိုပေမယ့် အခုလှတာနဲ့ ငယ်ငယ်ကလှတာနဲ့က မတူတော့ဘူး၊ မျက်နှာကလည်း အဲ့လောက်မဝိုင်းတော့သလို ခန္ဓာကိုယ်ကလည်း သေးသေးလေး မဟုတ်တော့ဘူး မျက်လုံးကတော့ ခုထိ ဝိုင်းဝိုင်းကြီးကြီးဖြစ်နေတုန်းပဲ ဒါပေမယ့် ငယ်ငယ်တုန်းကလောက်တော့ မဝိုင်းတော့ဘူးပေါ့ နှာတံကလည်း ငယ်ငယ်ကထက် ပိုပြီး ပေါ်လာပြီ...

"မင်းကငါ့ကိုချီးကျူး၊ ငါကလည်း မင်းကိုပြန်ချီးကျူးမယ်လေ" ဖုရိကျယ်က ဖန်ခွက်ကို ပြန်ချလိုက်ပြီး ဖုခွင်းဘေးနားမှာ သွားလဲနေလိုက်ကာ သူ့ကို ပြန်စိုက်ကြည့်နေသည်။ ခဏနေတော့ သူ ရယ်ပြီးပြောလာသည် "ဖုခွင်း မင်းတကယ်ချောတာပဲ"

"အားရိုး" ဖုခွင်းက ပျော်ရွင်စွာဖြင့် "ကျေးဇူးတင်ပါတယ်"

ဖုရိကျယ်ရဲ့လက်တွေက သူ့မျက်နှာပေါ်ကို ဖွဖွလေးလိုက်ထိနေသည်၊ ဖုခွင်းမျက်နှာပေါ်က နွေးထွေးတဲ့ ကိုယ်ငွေ့လေးက သူ့ကို အရမ်းစိတ်တည်ငြိမ်စေသည်။ လက်ကို ဟိုရွေ့ဒီရွေ့ အပေါ်နဲ့အောက် တရွေ့ရွေ့လိုက် ထိနေရင်း နောက်ဆုံး မျက်နှာပေါ်ကို ပြန်ရောက်လာပြန်သည်။

သူ ဖုခွင်း မင်းမျက်နှာက အရမ်းကိုင်လို့ကောင်းတာပဲ လို့ပြောလိုက်ချင်ပေမယ့် ပြောမထွက်ဘူး သူ့ကို ဖုခွင်းက မင်းရူးနေတာလားလို့ ဆဲလွတ်လိုက်မှာလည်း ကြောက်သည်။

လက်က ဖုခွင်းနှာခေါင်းနားလေး ရောက်သွားသောအခါ ဖုခွင်းရဲ့ ရှုထုတ်လိုက်တဲ့ အသက်ရှုသံက သူ့လက်ပေါ်ကို ဖြတ်သွားပြီး သူ့စိတ်ထဲမှာ အဲ့တာက အရမ်းသက်သာသက်သာဖြစ်သလို ခံစားလိုက်ရသည်၊ ဒါနဲ့သူလည်း သူ့လက်ကို ဖုခွင်းနှာခေါင်းကို ကိုင်နေရင်း တင်းတင်းကျပ်ကျပ် ထညစ်လိုက်သည်။

"ဟေ့" ဖုခွင်းက သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး နှာခေါင်းကိုပွတ်ကာ ငုတ်တုတ်ထထိုင်လာသည် "မင်းဘယ်လိုတောင် အရူးထနိုင်ရတာတုန်း အဲ့လောက် ညစ်ချင်နေရင် မင်းဖင်ကြီးပဲညစ်"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now