အခန်း ၅၁

147 27 2
                                    


အခန်း ၅၁
မင်းသိလား!

ဖုခွင်း ဖုရိကျယ်ကို ကြမ်းပြင်ပေါ်ကနေ ထူပေးလိုက်တဲ့အခါ ဖုရိကျယ်က မလှုပ်မယှက်နဲ့ သူ့ကို အနည်းငယ် အားနည်းစွာ မှီပြီး ထလိုက်လာသည်။

လောင်မားက အခန်းထဲ ပြေးဝင်သွားကာ စောင်အသစ်တစ်ထည်ရှာယူလာပြီး တျိုးတျိုးကို စောင်ထဲတွင် သေသေချာချာ ထုပ်ပိုးကာ အနီရောင်ကြိုးဖြင့် လိပ်ပြာကြိုး ချည်ပေးလိုက်သည်။

"ရိကျယ် သား အရမ်းလည်း ဝမ်းမနည်းနေပါနဲ့" လောင်မားက ဖုရိကျယ် ကို ပွေ့ဖက်လိုက်ပြီး "တျိုးတျိုးက အသက် ဘယ်လောက်တောင်ရှိနေပြီလဲ၊ ငါတို့အိမ်မှာသူနေသွားရတာ အရမ်းကံကောင်းတာပဲလေ"

"အင်း " ဖုရိကျယ်  ခေါင်းညိတ်ပြလိုက်သည်။

"မင်းပါး ဒီည ပြန်ရောက်ရင် အဲဒါကို ဆွေးနွေးပြီး မနက်ဖြန် သင်္ဂြိုလ်ဖို့ နေရာကောင်းလေး ရှာရအောင်"

"အွမ်း။"

လောင်မားက ဖုခွင်းကို မျက်နှာရိပ်မျက်နှာကဲပြလိုက်တော့ ဖုခွင်းက ဖုရိကျယ်ရဲ့ ပုခုံးကို ပုတ်ကာ သူ့လက်ကို တွဲထားရင်း "အခန်းထဲ ခဏပြန်နားရအောင်လေ"

ဖုရိကျယ်  အခန်းထဲသို့ဝင်ကာ တာတာမီပေါ်တွင် ကိုယ်ကို လှဲချပြီး ခေါင်းအုံးထဲ ခေါင်းကို မြှုပ်ထားကာ မှင်တက်စွာ အကြာကြီး လှဲနေလိုက်သည်။

ဖုခွင်းက အိပ်ခန်းတံခါးကိုပိတ်လိုက်သည်၊ ပြောရရင် သူက ခွေးကြောက်တတ်တယ်ဆိုပြီး တျိုးတျိုးနဲ့  မကြာခဏ မကစားတတ်သော်လည်း တျိုးတျိုးက အိမ်မှာ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ပြီး နေ့စဉ် လူလာရင် ဟိုပြေးဒီပြေး ကြိုတတ်ပြီး အခုလိုကြီး မရှိတော့ဘူးဆိုတော့ သူလည်း ဝမ်းနည်းမိသည်ပင်..

ဖုရိကျယ် ကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပြုမလား ဒါမှမဟုတ် ကလေးဘဝတုန်းကလို နှစ်သိမ့်ဖို့ ကျောကုန်းကို ပွတ်သပ်ပေးရမလား ချီတုံချတုံဖြစ်နေချိန်မှာပင် ဖုရိကျယ်က  ခေါင်းအုံးမှာခေါင်း မြှုပ်ထားပြီး ရှိုက်သံများထွက်လာသည်။

ဖုခွင်း  လန့်သွားကာ သူ့ကို စိုက်ကြည့်မိသည်။

ဖုရိကျယ်က ဒုတိယမြောက် ရှိုက်သံ ခေါင်းအုံးကြားမှ ထွက်ပေါ်လာပြီး ခြေထောက်များကို ပြင်းပြင်းထန်ထန် ကန်ထုတ်ကာ တာတာမီကို လက်နှင့် အကြိမ်ပေါင်းများစွာ ထိုးနှက်နေသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now