အခန်း ၄၉

119 25 0
                                    


ဒီအပိုင်းက အကယ်ဒမီရှော့ ရိကျယ်ကို အူယားလွန်းလို့ အမြန်တင်ပေးလိုက်တာ 😘
အခန်း 49

ဖုခွင်း လောင်ပါးရဲ့ဆိုင်ကယ်ကိုစီးပြီး လောင်မားအသုံးပြုတဲ့ တီဗွီဖုံး ပလပ်စတစ်အိတ်ကြီးနဲ့ စောင်ကို ထုပ်ပိုးကာ ရိကျုံးကို သယ်သွားရန် ပြင်လိုက်သည်။

သွားခါနီး လောင်မားက သူ့ကို မိုးကာဝတ်ခိုင်းပေမယ့် သူ ကရိကထနိုင်တယ်ခင်၍ မဝတ်လာခဲ့ဘဲ ဒီအတိုင်း လမ်းနှစ်လမ်းလောက်စီးပြီးသွားတော့ သူ့ပုံစံမှာ အတော်လေး စုတ်စုတ်ပြတ်ပြတ် ဖြစ်သွားသည်။

ရိကျုံးအိပ်ဆောင်ကို ရောက်တော့ အောက်ထပ်တွင် ဆိုင်ကယ်ကိုထားကာ စောင်ကြီးကြီးကို ယူဆောင်ကာ အိပ်ဆောင်သို့ ပြေးသွားခဲ့သည်။

ခြေလှမ်းနှစ်လှမ်း ပြေးပြီးနောက်တွင် အိပ်ဆောင် အဆောက်အအုံ၏ ပထမထပ်မှ ဖုရိကျယ်  ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

သူတို့ မျက်နှာချင်းဆိုင် ပြေးလာတဲ့လမ်းတွင် ဖုခွင်း တစ်ယောက် သူ့ပုံကို လွယ်အိတ်ကြီးတစ်လုံးကို ထမ်းပြီးမြို့တက်လာတဲ့ ရွာသားတစ်ယောက်လို ခံစားနေရပြီး မြို့ပေါ်မှာ အကြာကြီး နေတဲ့ သူ့ညီနဲ့ ပြန်ဆုံတော့ အပြေးသွားရောက်ကာ ဖုရိကျယ်ရဲ့လက်ကို ကိုင်ပြီး "  ညီလေး!  နေကောင်းရဲ့လား?" ဟု ပြောတော့မလိုပင်။

"မင်းဘာလို့ မိုးရွာနေတဲ့ကြားထဲလာရတာလဲ" ဖုရိကျယ် တခါမှ ဒီလိုမသိသာဖူးဘူး သူ သိသာထင်ရှားစွာ မျက်မှောင်ကြုတ်ပြီး ဖုခွင်းသယ်လာတဲ့ စောင်ကို ကောက်ကိုင်လိုက်ကာ "မင်းအိမ်မှာ မိုးကာအင်္ကျီတွေ အကုန်ရောင်းပြီး ဘယ်လိုဝတ်ရမလဲဆိုတာ မသိတာလား"

"အလုပ်ရှုပ်လို့" ဖုခွင်းက ပြုံးပြီးပြောလိုက်သည်၊ ဖုရိကျယ်က အိပ်ဆောင်ထဲသို့ ဝင်သွားတာကြောင့် သူပါလိုက်ဝင်ပြီး "ငါ ထွက်လာတော့ မိုးက ဒီလောက် မရွာသေးဘူး"

"မင်း အအေးပတ်သွားလိမ့်မယ်" ဖုရိကျယ်က  အိပ်ဆောင်ရုံးခန်း၏ တံခါးဝဆီသို့ ပြေးသွားပြီး "ဦးလေးစုန့်၊ ငါ့ကောရောက်နေလို့  အိပ်ဆောင်ကို ခေါ်သွားလိုက်အုန်းမယ် ခဏနေ ပြန်မှာပါ "

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] जहाँ कहानियाँ रहती हैं। अभी खोजें