အခန်း ၂၅

134 36 1
                                    

ဖုခွင်းနဲ့ ဖုရိကျယ်တို့ မြစ်ကမ်းဘေးနားမှာ စိတ်တည်ငြိမ်သွားအောင် နာရီဝက်လောက်ကြာအောင် လဲလျောင်းနေလိုက်ကြသည်၊ သူတွေးနေမိတာက ကိစ္စတွေက ဒီလို အကြပ်အတည်းတွေထိ ဖြစ်လာပြီး အဲ့တာ အတွက် ဖြေရှင်းဖို့ အဖြေကိုလည်း ရှာလို့မတွေ့သေးဘူး၊ ဖုရိကျယ်ကို ကြည့်လိုက်တော့လည်း သူနဲ့အတူတူပင်၊ အဖြေကို ဘယ်လိုမှ ရှာမတွေ့တဲ့ ပုံမျိုးပင်၊

ခဏလောက် လဲလျောင်းပြီးတော့ ဖုရိကျယ်က ရုတ်တရပ် သူ့ဗိုက်ကို ဖိကာ "ကော"

"အမ်?" ဖုခွင်း ချက်ချင်း သူ့ဘက်ကို လှည့်လိုက်သည်၊ အခုချိန်က ဖုရိကျယ်အတွက် အလွန် ပင်ပန်းခက်ခဲမည့်အချိန်ဖြစ်သည်၊ ဒါကြောင့်သူ ဖုရိကျယ် ထပ်ပြီး ဝမ်းနည်းသွားမည်ကို စိုးရိမ်မိသည်။

"မင်းဗိုက်မဆာဘူးလား?" ဖုရိကျယ်က သူ့ကိုမေးလိုက်သည်။

"အာ?" ဖုခွင်းအံ့ဩသွားပြီး ကိုယ့်ဗိုက်ကိုယ် ပွတ်ကြည့်မိသည်၊ အဆာလွန်တဲ့ အဆုံးတွင်တော့ ဘယ်လိုမှ ဆာတဲ့ခံစားမှုမျိုးမရနေတော့ဘူး သူ့အနေနဲ့ ဘာကိုမှကို စားချင်စိတ်မရှိတာဖြစ်သည် "မဆာဘူး"

"ငါတို့တစ်ခုခု သွားစားရအောင်လေ....." ဖုရိကျယ်က သက်ပြင်းဖွဖွချလိုက်ပြီး "ငါ ပုံတွေကို ထဲကလို မြန်မြန်ဗိုက်ဆာလာပြီ"

ဖုခွင်းက ဒီလိုအခြေအနေမျိုးကြီးမှာ ရုတ်တရပ်ကြီး ပုံတွေထဲကလို ဗိုက်ဆာတယ်ဆိုတာမျိုးက ဘယ်လိုမှ မဆက်စပ်နေဘူးလို့ တွေးမိပေမယ့် သူ ချက်ချင်း ထလာလိုက်ပြီး "သွားမယ်၊ ဘာစားချင်လဲ?"

ဆိုင်ကယ်ပေါ် တက်တဲ့အချိန် ဖုရိကျယ်က ဆိုင်ကယ်နောက်ခုံကို ပုတ်ကာ ဖုခွင်း ဆိုင်ကယ်ပေါ် တက်တာကို စိုက်ကြည့်နေသည်

"ဘာဖြစ်တာလဲ?" ဖုခွင်း နည်းနည်း စိတ်ရှုပ်ထွေးသွားသော်လည်း ဒါက သူဒီနေ့ ဖုရိကျယ်ကို ပေးမယ့် စပရိုက်ဆိုတာကို တွေးမိသွားပြီး ထိုင်ခုံကို လက်ဖြင့်ပုတ်ကာ "တက်လေ၊ ကောဒီနေ့ မင်းကို လိုက်ပို့ပေးမယ်"

"ချက်ချင်းမတွေ့လိုက်ပေမယ့် စပရိုက်ဖြစ်နေတုန်းပဲ" ဖုရိကျယ်က ပြုံးလိုက်ပြီး နောက်ခုံပေါ် တက်ထိုင်လိုက်ကာ ဖုခွင်းခါးကို လှမ်းဖက်လိုက်ပြီး " အမြန်စာ စားရအောင်၊ မထုပ်ခဲ့တော့ဘူး"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Waar verhalen tot leven komen. Ontdek het nu