အခန်း ၄၄

130 25 5
                                    

အခန်း ၄၄

နှစ်ကုန်ခါနီး စီးပွားရေးမှာ အထူးကောင်းမွန်လှသည်၊ ဖုခွင်း နေ့တိုင်းနီးပါး အလုပ်ရှုပ်နေပြီး ဒီလိုအလုပ်ရှုပ်တာမျိုးကိုတော့ ဖုခွင်း ဆန္ဒရှိလှသည်၊ ပိုက်ဆံရေတွက်သည့်အချိန်တွင် အလုပ်များတာတွေအားလုံးက ဘာပြဿနာမှ မဟုတ်တော့ဘူး။

ဖုရိကျယ်လည်း အချိန်ရရင် လာကူညီပေးတတ်ပေမယ့် ဖုရိကျယ်ကို အဲ့ဒီနေ့က ရည်းစားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုပြီးတဲ့နောက် ဖုရိကျယ် သိပ်လာ မကူတော့ဘူး၊ သူကို စိတ်များ ဆိုးသွားသလား မသိ။

သူ နှစ်ညလောက် အဲဒီကိစ္စကို အပြင်းအထန် စဉ်းစားပြီးနောက် နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ဒီကိစ္စမှာ သူမမှန်ဘူးလို့ ခံစားလိုက်ရသည်။

ရည်းစားထားပါတယ်ဆို ကောင်မလေးနောက်ကို မလိုက်လို့ ဘယ်သူ့နောက်ကို လိုက်ရမှာလဲ၊ ပြောရရင် လူတစ်ယောက်ကို သဘောကျရင် ဒီလိုပဲမို့လား၊ ဘာကိစ္စပဲ ဖြစ်ဖြစ် လုပ်ပေးဖို့ ဆန္ဒရှိတယ်၊ အင်မတန်အေးတဲ့နေ့မှာ အပြင်ထွက်ပြေးပြီး သွားတွေ့ရမယ်ဆိုရင်တောင် လှပနေအုန်းမှာပင်

ဖုခွင်း မနက်ပိုင်းလူပါးသည့်အချိန်တွင် ဖုရိကျယ်အတွက် Pike ဘောပင်ဝယ်ပေးရန် ဘေးနားက စတိုးဆိုင်ဆီကို အပြေးလေးသွားလိုက်သည်၊ ညဘက် ဖုရိကျယ် ပြန်လာတဲ့အခါကျရင် ဒါကိုပေးပြီး သူတို့ဆက်ဆံရေး ပြေလည်ဖို့ရာ တွေးထားလိုက်သည်။

TN  pike က Paker Pen Company ထုတ် ဘောပင်ပါ

ဖုခွင်းက ဖောင်တိန်နဲ့ စာရေးရတာကို သဘောကျသော်လည်း ဈေးကမသေးချေ၊ သို့သော်လည်း သုံးလို့ အင်မတန်ကောင်းသည်၊ ဖုရိကျယ်ကတော့ ဘောပင်နဲ့ပတ်သက်ပြီး ဘာသက်မှတ်ချက်မှ မရှိဘူး၊ ဘယ်လိုပုံစံ ဘယ်လိုတံဆိပ်မဆို အဆင်ပြေသည်၊ ဖုခွင်း အမြဲတမ်းတွေးမိနေတာက သူ့လက်ရေး ဒီလို ပင့်ကူအိမ်ဖွဲ့သလို ထွက်လာတာတွေက ဘောပင်မကောင်းလို့များ ဖြစ်နေတာလားလို့ပင်.....

နေ့လည်ရောက်တော့ လူနည်းနည်းသာ ရှိပြီး ဖုရိကျယ်က နေ့လည် ထမင်းလာမပို့နိုင်တဲ့အကြောင်းနဲ့ သူ့ကို ကိုယ့်ဖာသာကိုယ် ထမင်းဘူး ဝယ်စားထားဖို့ရာ ပြောလာသည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Tempat cerita menjadi hidup. Temukan sekarang