အခန်း ၂၂

162 33 0
                                    

ရွီကျားမိန် ဘယ်အချိန်ကတည်းက ဖုခွင်းနဲ့ ပြန်တွေ့နေတာလဲဆိုတာ ဖုရိကျယ် သတိမထား မိလိုက်ဘူး။

ဖုခွင်းနဲ့ ကျန်းခယ်ရှင်း ချစ်ကြိုက်နေတုန်းကလည်း ဒီလိုချစ်ကျွမ်းဝင်နေတဲ့ အမှုအရာတွေ လုပ်လေ့မရှိဘူး။ လမ်းခွဲပြီးတဲ့နောက်ပိုင်း ပိုပြီးတော့တောင် စိတ်မဝင်စားတဲ့အမှုအရာတွေဖြစ်လာသေးတယ်၊ ရွီကျားမိန်အပေါ်မှာလည်း မထူးဘူး။

ဒါပေမယ့် ရွီကျားမိန်ကို မကြာခဏဆိုသလို ဖုခွင်းဘေးနားမှာ တွေ့နေရတာက ဖုရိကျယ်ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။

ရွီကျားမိန်နဲ့ ကျန်းခယ်ရှင်းက မတူဘူး၊ ကျန်းခယ်ရှင်းက တစ်ချက်ကြည့်လိုက် တာနဲ့ ဘာမှနားမလည်ဘဲ ကိစ္စတစ်ခုခုကို ထပ်ခါထပ်ခါလုပ်တတ်တဲ့ လူမျိုးမှန်း တန်းသိနိုင်ပြီး ရွီကျားမိန်က ဖုခွင်းနား စချဉ်းကပ်လာကတည်းက ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဖုရိကျယ်ရဲ့ မှတ်ညဏ်ထဲမှာရှိတဲ့ ဝမ်ကျစ်ချန်နဲ့ တွဲခဲ့တယ်ဆိုတဲ့ ရွီကျားမိန်နဲ့ အခုလက်ရှိ ရွီကျားမိန်က လုံးဝကြီးကို မတူတော့ချေ။ ဒီလိုပြောင်းလဲမှုကြောင့်ပဲ ဖုခွင်းက သူမ သူ့နားမှာ သွားလိုက်လာလိုက်လုပ်နေတာကို ဘာမှ မပြောဘဲ နေနေတာ ဖြစ်နိုင်သည်။

ဖုရိကျယ်က အစကတော့ ဘယ်လိုမှ မနေဘူး၊ ဖုခွင်းနားမှာ အမြဲတမ်း ကျောင်းသူလေးတွေက ရှိနေတာပဲလေ။ ဒါပေမယ့် ရွီကျားမိန်က ဖုခွင်းကို ကစားဖို့ လာခေါ်သွားတာတော့ ဒါက သူ့ကိုနည်းနည်း ဒေါပွသွားစေသည်။ ဖုခွင်းရဲ့ စာလေ့လာနှုန်းက နဂိုကတည်းက ခပ်လှုပ်လှုပ်ပါဆို။

"ဖုခွင်း" ဖုရိကျယ်က သူ့နောက်မှာရပ်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

ဖုခွင်းက ရှေ့က ဂိမ်းခလုတ်တွေကို သဲကြီးမဲကြီး ပုတ်နေတာကြောင့် ခေါ်သံကို မကြားလိုက်ဘူး၊ ရွီကျားမိန်က ကြားလိုက်ပြီး ခေါင်းလှည့်ကာ ဖုရိကျယ်ကို လှမ်းကြည့်လိုက်သည်၊ ချက်ချင်း မျက်ခုံးကို ပင့်လိုက်ပေမယ့် ဘာမှ မပြောဘဲ နေနေသည်။

ရွီကျားမိန်အတွက် ဖုရိကျယ်သည်လည်း အတူတူပင် မျက်နှာကြော သိပ်တည့်လှသည်မဟုတ်၊ ဖုခွင်းက အခုကျောင်းတွေဘာတွေ မပြေးတော့ဘူး၊ သူမအနေနဲ့ ဖုခွင်းကို ထွက်လာပြီးကစားဖို့ ခေါ်နိုင်တဲ့အချိန်က ကျောင်းဆင်းပြီးမှပင် ဒါပေမယ့် ဖုရိကျယ်က ပြေးလာပြီး သူ့အကိုကို လာလာရှာတာက တစ်ခါနှစ်ခါမကတော့ နည်းနည်းလေး ညမှောင်ပြီဆိုတာနဲ့ ဖုခွင်းကို အိမ်ပြန်ဖို့ လာခေါ်ပြီ။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Donde viven las historias. Descúbrelo ahora