အခန်း ၇၉

169 33 0
                                    


အခန်း ၇၉

ရေသည် အလွန်ကြည်လင်နေပြီး ဖုရိကျယ် ရေထဲငုတ်လိုက်ပြီး မျက်လုံးကိုဖွင့်လိုက်သောအခါ ပါးလွှာသောရေပူဖောင်းများက သူ့မျက်လုံးများဆီသို့ လွင့်ပျံလာသည်ကို သူတွေ့လိုက်ရသည်။

ဖုခွင်း၏ခါးပတ်ကို သူ ချွတ်လိုက်ပြီး ဘောင်းဘီဇစ်ကို ဇစ်ဖွင့်ကာ ဖုခွင်း၏ ဗိုက်သားကို လက်နဲ့ ဖြည်းညှင်းစွာ ပွတ်သပ်ရင်း အတွင်းခံဘောင်းဘီကို ချွတ်လိုက်သည်။

ဖုခွင်း၏ အတွင်းခံသည် အစင်းကြောင်းများနှင့် လိမ္မော်အရသာ သွားတိုက်ဆေးကဲ့သို့ ဖြစ်နေဆဲဖြစ်ပြီး သူ မှတ်မိသလောက် အဲ့ဒါက မပြောင်းလဲဘူး။ ဖုရိကျယ် အတွက် ဒီအစင်းကြောင်းများသည် စိတ်ထဲတွင် ကွဲပြားသော အဓိပ္ပါယ်များရှိသည်။ မသိလိုက် မသိဘာသာနေရာကနေ ဖုခွင်းကို စတင်ပြီး စိတ်ဝင်စားတဲ့နေ့မှစ၍ ဒီအစင်းကြောင်းများက သူနှင့် ဖုခွင်း အကြား တိုက်ရိုက်ဆက်ဆံရေး အရှိဆုံးဖြစ်သည်။

သူသည် လေပူဖောင်းငယ်တစ်လိုင်းကို ရှူထုတ်လိုက်ပြီး ဖုခွင်း၏ အတွင်းခံဘောင်းဘီတစ်ဝိုက်တွင် သူ၏လက်များကို ချိတ်ကာ ဖိထားလိုက်သည်။

ဖုခွင်း၏လက်က ပျော့ပျောင်းစွာငြင်းဆန်ကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ဖုရိကျယ်က သူ့ လက်ညှိုးကို ကိုက်လိုက်သည်၊ ဖုခွင်း သူ့လက်ကို ဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်များနှင့် သူ့မျက်နှာကို ခပ်ဖွဖွ ထိတွေ့လိုက်သည်၊ ရေနှင့်ထိလိုက်တဲ့ ဒီလိုထိတွေ့မှုက ဖုရိကျယ်၏နှလုံးသားကို လှပ်ခနဲ ခုန်သွားစေသည်၊ သူ ခေါင်းကိုလှည့်ကာ ဖုခွင်း၏ လက်ညှိုးကို ကိုက်လိုက်သည်။

ဖုခွင်း၏လက်ချောင်းများ လှုပ်သွားသဖြင့် သူ ခပ်ပြင်းပြင်း ကိုက်လိုက်သည်၊ သူ့လျှာဖျားက ဖုခွင်း၏ လက် ချောင်းထိပ်များပေါ်တွင် ညင်သာစွာ ရစ်ပတ်ထားကာ လက်က ယခင်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ပြီး ကျန်လက်တစ်ဖက်က ဖုခွင်း၏ ခါးကို ဖက်ထားတာမို့ ဖုခွင်း၏ ကြွက်သားများ တင်းမာမှုကို ချက်ချင်း ခံစားလိုက်ရသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now