အခန်း (၄)

204 43 2
                                    


ဖုခွင်းက လောင်မား၏ဒေါသတကြီးအော်သံကို ကြားလိုက်သောအခါ ရုတ်တရပ် တုံ့ပြန်လာသည်။ လောင်မား မနက်တုန်းကပြောနေတဲ့ ရိကျယ်ကို ကျောင်းပြောင်းပေးမယ်ဆိုတာက ဒီအမှတ်သုံး မူလတန်း ကျောင်းကိုလား!

ဒါက ဘယ်လိုတောင်ကံဆိုးမှုကြီးလဲ!

ရုတ်တရပ် အလွန်ဝမ်းနည်းဖွယ်ရာကောင်းတယ်လို့ ခံစားလိုက်ရသည်။

လောင်မားက ခြေထောက်ကိုမြှောက်ပြီး ကန်ထည့်လိုက်သည်။ တကယ်တော့ သူ ကိုယ်ကိုအရှေ့ကို ကိုင်း ပြီးရှောင်လိုက်လို့ ရပေမယ့် လောင်မားက သူ့ကို နာအောင်ကန်မှာ မဟုတ်တာကိုသိတာကြောင့် ကိုယ်ကို နည်းနည်းသာ ကုန်းလိုက်သည်။ ဒီလောက်ဆို ရန်လောင်ရှီးကော လောင်မားကော စိတ်ကျေနပ်လောက်ပြီလေ။

"မရိုက်နဲ့တော့၊ မရိုက်နဲ့တော့ အမ" ရန်လောင်ရှီးက လောင်မား ဒုတိယအကြိမ်ရိုက်ဖို့ရာ ပြင်နေတာကို ကြည့်ပြီး ဖုခွင်းကို သူ့နောက်ကို အမြန်ဆွဲပို့လိုက်ပြီး "ပြောစရာ ရှိတာကိုပဲ ကောင်းကောင်းပြောပါ"

"ငါမရိုက်ရင် မင်းကောမရိုက်တော့ဘူးလား" လောင်မားက သူ့လက်ကို ခါးပေါ်တင်လိုက်သည်။

"ငါသူ့ကို မရိုက်ပါဘူး...."ရန်လောင်ရှီး နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ ကျောင်းသားတွေကို ကိုယ်ထိလက်ရောက် အပြစ်ပေးသော ဆရာများစွာရှိပြီး တစ်ခါတစ်ရံ မိဘများက သူ့ကို ရိုက်နှက်ကြိမ်းမောင်းသင့်တယ်လို့ ပြောလာကြလေ့ရှိပေမယ့် အခု သူ ဖုခွင်းကို ရိုက်ဖို့ စဉ်းတောင်မစဉ်းစားမိချေ ပြီးတော့ ဖုခွင်းအမေကလည်း အဲ့လိုမိဘမျိုးဟုတ်ပုံမရ။

"ရန်လောင်ရှီး မင်းအပင်ပန်းခံနေတာပဲ။ ဘာလို့ ဆရာ ဒီကောင်စုတ်လေးကို ဒီမှာ အရင်အေးခဲမထား ခိုင်းသေးတာလဲ" လောင်မားက သူ့ကိုကြည့်လိုက်ပြီး လှည့်ကာ စက်ဘီးကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ရပ်လိုက်ပြီး ဖုရိကျယ်ကို ကျောင်းထဲသို့ ခေါ်သွားပြီး " ကျွန်မ ခုနနေကျမှပဲ ဆရာ့ကို ရုံးခန်းထဲမှာ လာရှာလိုက်တော့မယ်၊ ကျွန်မရဲ့ ဒီသားတစ်ယောက်ကလည်း ဒီနေ့ကျောင်းပြောင်းလျှောက်ရမှာမို့ သွားလိုက်ပါအုန်းမယ်"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now