အခန်း ၈၃

191 25 0
                                    


အခန်း ၈၃

"ဘာဖြစ်လို့လဲ? ဘယ်သူ့ဆီကမက်ဆေ့ခ်ျလဲ" ဖုရိကျယ်က သူ့ပစ္စည်းတွေကို ဖယ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ ဖုခွင်း ဖုန်းကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်၊ "ဘဏ်ကပို့တဲ့ မက်ဆေ့ခ်ျလား?"

"အင်း တစ်ယောက်ယောက်က ငွေချေပေးလိုက်တာထင်တယ်" ဖုခွင်း နှုတ်ခမ်းကို ကိုက်လိုက်သည်၊ လွန်ခဲ့တဲ့ ရက်က ငွေရှင်းပေးရမယ့် အော်ဒါကို သူ မမှတ်မိသဖြင့် ရှောင်ဟူဆီ ဖုန်းဆက်ကာ "ဟူလား? မင်း မှတ်မိသေးလား။ လွန်ခဲ့တဲ့နှစ်ရက်က ငွေရှင်းပေးရမှာ ဘယ်သူလဲဆိုတာကို..အင်း ၃၀၀၀၀... ရလား..။"

"ချမ်းသာခြင်းတွေ ပျံသန်းလာတာလား?" ဖုရိကျယ်က သူ့ကိုကြည့်လိုက်သည်။

"မသိဘူး ဘယ်သူလဲဆိုတာကို ..." ဖုခွင်းက သူ့ကိုကြည့်လိုက်သည်။

ဖုရိကျယ်က ဖုန်းကိုယူကြည့်လိုက်ပြီး "စွန်းဝေ ?"

ဖုခွင်း ဘာမှမပြောမိဘူး၊ လွန်ခဲ့သည့် နှစ်ရက်အတွင်း ထူးထူးခြားခြား ငွေပေးချေမှုများ မရှိကြောင်း ရှောင်ဟူက အတည်ပြုပြီးနောက် သူ၏ ပထမဆုံး ထင်မြင်ချက်မှာလည်း စွန်းဝေ ဖြစ်သည်။

ဒီ စွန်းလေး ပျောက်သွားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်လည်း မရှိပေ။

ဖုခွင်းလည်း ထိုငွေများအကြောင်းကို မတွေးတော့ဘူး။ စွန်းဝေက သူ့အသက်မွေးဝမ်းကြောင်းတွင် အပြင်းထန်ဆုံးသော အခိုက်အတန့်တွင် ထိုးနှက်ခဲ့သော်လည်း ဆယ်နှစ်ကျော်ကြာ ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းသံယောဇဉ်ကြောင့် သူ အဲ့ဒီကိစ္စကို အစမဖော်ချင်တော့ဘူး၊ ခေါင်းထဲလည်း ထပ်မထည့်ချင်တော့ဘူး။

အခုတော့ ဒီ ယွမ် ၃၀၀၀၀ က သူရဲ့အေးချမ်းနေတဲ့စိတ်ကို အနှောင့်အယှက်ပေးနေပြီဖြစ်သည်။

တစ်ဖက်တွင် ဒီလူက စွန်းဝေ ဖြစ်လိမ့်မယ်လို့ ခံစားမိသော်လည်း၊ သူ ဒီလူကို စွန်းဝေဖြစ်ပါစေလို့လည်း မျှော်လင့်မိနေသည်၊ ဒါက သူ့အတွက် ငွေပြန်ဆပ်ဖို့ မဟုတ်ဘူး ဒီအတိုင်း သူ့ကို ပေါ်လာစေချင်ရုံသာပင်၊ တစ်ဖက်တွင်လည်း ဒီလူက စွန်းဝေ မဟုတ်မှာကို သူ စိုးရိမ်မိသည်၊

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now