အခန်း(၁၁)

165 34 1
                                    

အပြင်ကလူများကပါ လာပြီးဆွဲတာကြောင့် မြစ်ကျိုးထဲမှာ အေးခဲနေတဲ့ဖက်ထုပ်တွေလို လုံးထွေးနေတဲ့ လူလေးဦး ကမ်းစပ်ဆီသို့ ရောက်လာခဲ့ကြသည်။

လူတစ်ချို့က ဒေါသထွက်နေကြသေးသော်လည်း သူတို့ထပ်ချချင်ရင်တောင် အဲလို့လုပ်ဖို့ မစွမ်းနိုင်တော့ ဘူး အားလုံးက တုန်တုန်ရီရီနဲ့ လမ်းပေါ်မှာတောင် လမ်းမြန်မြန်မလျှောက်နိုင်ဘူးဖြစ်နေကြသည်။

ဖုခွင်း ဘယ်လိုအိမ်ပြန်ရောက်လာတာလဲဆိုတာကို မသိတော့ချေ။ အဲ့ဒီနေရာနဲ့ အိမ်က သိပ်မဝေးလို့သာ တော်သေးသည်။ အိမ်ရောက်လို့ လောင်မားသူ့ကို မေးလို့ သူပြန်ပြောနေချိန်တွင် သွားချင်းထိသံ တဂတ်ဂတ်က မြည်နေသည်။

လောင်မားက စောင်ခြုံပေးရင်း ဂျင်းပြုတ်ရည်ကိုတိုက်လိုက်ပြီး ဖုရိကျယ်ကလည်း တလျှောက်လုံး သူ့ကို စောင့်ကြည့်နေသည်။ လောင်မားက သူ့ကိုစောင်သေသေချာချာ ခြုံပေးပြီးနောက် ဖုရိကျယ်က ခုတင်ကို တက်လာခဲ့ပြီး သူ့ကိုပွေ့ဖတ်လိုက်သည်။

သို့သော်လည်း ဖုခွင်းက ကျန်းမာရေးအင်မတန်ကောင်းလှသည်။ ဒီလောက်လေး ဖြစ်ရုံနဲ့တော့ သူ အအေးတောင် မိမှာမဟုတ်ဘူး။ ဖြစ်လှ နှာစေးရုံလောက်သာ။

ဖုခွင်း အဆင်ပြေတာကို မြင်တော့မှ လောင်မားက ခုနတုန်းက ဘာကိစ္စတွေဖြစ်ခဲ့တာလဲဆိုတာကို မေးလာသည်။

ဖုခွင်း အမှန်အတိုင်းလည်း မပြောရဲတာကြောင့် စွန်းဝေနဲ့အတူတူ ကမ်းပါးကိုသွားကြပြီး ပြုတ်ကျလာခဲ့တာလို့ ပြောလိုက်သည်။

လောင်မားက နည်းနည်း သံသယဝင်သွားပြီး ဖုရိကျယ်ကို ကြည့်ကာ "ရိကျယ်၊ သား မားမားကို ပြောပြ၊ အဲ့လိုဖြစ်ခဲ့တာ ဟုတ်လားမဟုတ်ဘူးလား?"

ဖုခွင်း နည်းနည်းတော့ စိုးရိမ်သွားသည်၊ ဖုရိကျယ်က ဒီအသက်အရွယ်အထိ တစ်ခါမှ မလိမ်ဘူးဘဲ လောင်မားက ဘာကိုမေးမေး ပြန်ဖြေနိုင်သည်။

ဖုရိကျယ်က သူ့ကိုမကြည့်ချေ ခေါင်းမော့ကာ လောင်မားကို ကြည့်ပြီး "ကိုကို ကမ်းပါးပေါ်ကနေ လိမ့်ချလိုက်တာ"

"တကယ့် အရှုပ်ထုပ်ပဲ" လောင်မားက ဖုရိကျယ်ရဲ့ အဖြေကိုကြားလိုက်ရသည်နှင့် သံသယမရှိတော့ချေ၊ နည်းနည်းလေးတောင် မနှစ်သိမ့်ပေးတော့ပဲ အပြစ်တင်ကာ ထွက်သွားလေသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Hikayelerin yaşadığı yer. Şimdi keşfedin