အခန်း ၂၉

146 29 0
                                    

အခန်း ၂၉

ရိကျုံးက ဒီနှစ်နွရောသီမှာ အားကစားရုံကို ပြန်လည်ပြုပြင်ထားသည်၊ ဘောလီဘောကွင်းနဲ့ ဘက်စကတ်ဘောကွင်းကို ကြမ်းခင်းအသစ်တွေကို လှဲထားပေးပြီး ဖုခွင်းထင်တာတော့ ဒါက အရမ်းချောနေသလိုပဲ ဘယ်နှစ်လှမ်းမှတောင် မလှမ်းရသေးဘူး မြန်မြန်ဆန်ဆန် ချော်ထွက်နေပုံက ထပျံတော့မလိုပင်

ဒီတစ်ခေါက် ဘက်စကတ်ဘောပွဲက အလွန်ကြီးကျယ်တယ်လို့ ပြောရမယ်၊ ကွင်းထဲမှာကော ကွင်းပြင်မှာပါ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပြီး ပြတင်းပေါက်မှာလည်း ပိုစတာ အကြီးကြီးတွေ ချိတ်ထားသေးသည်

ပိုစတာတွေထဲက နှစ်ခုက ဖုခွင်းလက်ရာဖြစ်ပြီး ချန်လိက ဆရာနဲ့တွေ့ပြီး ဖုခွင်းက ပန်းချီဆရာတစ်ယောက်နီးပါးဖြစ်ကြောင်း ပြောလိုက်တာကြောင့် ဖုခွင်း ဆရာနားနေခန်းထဲက စားပွဲပေါ်မှာ ရက်တော်တော်ကြာ ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်

"ကြည့်ကြည့်၊ အံ့ဩစရာပဲ" ချန်လိက ပြတင်းပေါက်မှာချိတ်ထားတဲ့ ပိုစတာတွေထဲက တစ်ခုကို လက်ညိုးထိုးပြကာ "ခွင်းလေး၊ နောက်ဆို ငါကစာရေးမယ်၊ မင်းက ကာတွန်းပုံဆွဲလေ၊ ငါတို့စာအုပ်ထုတ်ရအောင်၊ မင်း အရုပ်ညှပ်တာထက်တော့ ပိုက်ဆံပိုရမှာပါ"

"ဘာကိုရေးမှာလဲ?" ဖုခွင်းက ကွင်းထဲကိုလာခဲ့လိုက်သည်၊ ဖုရိကျယ်တို့အတန်းရဲ့ ပွဲစဉ်က ကျောင်းဆင်းပြီးတာနဲ့ ပထမဆုံးပွဲဖြစ်ပြီး သူကကြိုရောက်နှင့်နေတာဖြစ်သည် "အနေတည်တဲ့ ကောင်ချောလေးနဲ့ မိန်းမလှလေးပဲလား"

"မဟုတ်ဘူး၊ ကြယ်နတ်သမီးကိုချစ်မိတဲ့ လူဆိုးကြီး"

"မင်း ဒီလိုတွေပဲ စဉ်းစားမနေလို့မရဘူးလား?" ကော်ရှန်းက ပါးစပ်ဟလာပြီး "အချစ်အကြောင်းကြီးပဲ ကြည့်မနေနဲ့"

"အစောကြီးကတည်းက မကြည့်တော့ဘူး၊ ငါအခု စန်းမြောင် ကြည့်နေတာ" ချန်လိက ဆက်လက်ပြီး "ငါ သဲကန္တရထဲမှာ ရွက်လွင့်နေတဲ့ မိန်းမတစ်ယောက်လုပ်မလို့"

"ရှန်းအာ၊ ခုနနေ ငါတို့သူမကို လုပ်ပေးလိုက်ရအောင်" ဖုခွင်းက အံ့ကြိတ်ပြီး လှမ်းပြောလိုက်သည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Onde histórias criam vida. Descubra agora