အခန်း ၃၄

138 26 0
                                    

အခန်း ၃၄

ဖုခွင်းရဲ့စကားတွေက ဖုရိကျယ်ကို ရင်ခုန်သွားစေသလို စိတ်ပူပန်မှုနဲ့ မလုံခြုံမှုနည်းနည်းကိုပါ ယူလာခဲ့ပေးသလိုပင်။

သူကသာ ဖုခွင်းကို ငယ်ငယ်တုန်းကလို ပွေ့ဖက်ဖို့ရာ ပြင်းထန်စွာ ဆန္ဒရှိနေပေမယ့် ဖုခွင်းက သူ့ကိုနှစ်ခေါက်လောက် နမ်းပြီး ပြေးထွက်သွားပြီ၊ ဒါပေမယ့် အခုအားလုံးက ကြီးပြင်းလာကြပြီဆိုတော့ စွန်းဝေနဲ့ စွန်းရှောင်တို့မောင်နှမတောင် တစ်ပတ်ကိုတစ်ခါလောက် စကားများရန်ဖြစ်ကြသည်၊ ဖုခွင်းကလည်း သူတွယ်ကပ်လွန်းတာကို စိတ်သိပ်မရှည်တော့ဘူး

ဖုရိကျယ် တာတာမီပေါ်မှာ လှဲပြီး သက်ပြင်းချလိုက်မိသည်၊ သူ့စိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို ဘယ်လိုများ ပြောရမှာပါလိမ့်၊ သူပိုပြီး ကြောက်တာက ဖုခွင်း သူ့ကို မုန်းသွားမှာကိုပင်

"ဒီမီးဖိုချောင်က တကယ်မဆိုးဘူး" ဖုခွင်း ဧည့်ခန်းထဲကနေ အော်ပြောနေသည်။ သပ်သပ်ခွဲထားတဲ့ မီးဖိုခြောငျနဲ့ သန့်စင်ခန်းက သူ့ကိုအတော်လေး စိတ်ပျော်ရွင်စေပုံပင်၊ ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေသည်

လောင်ပါးက တျိုးတျိုးရဲ့လှောင်အိမ်လေးကို မီးဖိုချောင်ရှေ့ပေါက်ဝက လမ်းကလေးမှာထား ပေးလိုက်သည်၊ ဖုခွင်းက လှောင်အိမ်ထဲမဝင်ဘဲ အောက်မှာပဲ အိပ်နေသော တျိုးတျိုးကို အတော်လေးကြာအောင် စိုက်ကြည့်လိုက်ပြီး "ပျော်လား? တစ်အိမ်လုံးကို မင်းလှောင်အိမ်လိုပဲ လျှောက်လှဲနေတာ"

ဖုရိကျယ် အခန်းအသစ်ကို ကြည့်လိုက်သည်၊ အရင်နေခဲ့တဲ့ အဲ့ဒီအခန်းလေးနဲ့စာရင် အများကြီးပိုကောင်းတယ်၊ ကုတင်ကလည်း တက်လိုက်ဆင်းလိုက် လုပ်စရာမလိုဘူး၊ မီးလည်း ထွန်းထားစရာမလိုဘူး၊ အခန်းထဲမှာ တော်တော်လေး လင်းတယ်

သူ ဝန်ရံတာကိုသွားပြီး ရပ်ကြည့်ရင် အဝေးကြီးထိကို မြင်နိုင်ပြီး တိုက်ခတ်လာတဲ့လေတွေ ကလည်း အဝေးကြီး အမြင့်ကြီးကနေ လာခဲ့တာမို့လို့လားမသိ ရူသွင်းလိုက်တာနဲ့ သက်သောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရသည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now