အခန်း ၃၀

153 32 0
                                    

အခန်း ၃၀

ဖုခွင်းရဲ့လျှာက လောင်မားရဲ့ရိုက်ချက်ကြောင့် ထွက်မသွားပေမယ့် လောင်မား နောက်ကနေ တစ်ချက်ဆော်လိုက်တာကြောင့် သူ့နှာခေါင်းထဲမှာ ထိုးထည့်ထားတဲ့ သစ်သျှူးစက အပြင်ကို ကျွတ်ထွက်သွားသည်

"ရှုချင်!မင်း ဘာလုပ်နေတာလဲ!" လောင်ပါးက အော်လိုက်ပြီး လက်ဖက်ရည်အိုးကိုချကာ ပြေးလာခဲ့သည် "သွားတွေလဲ ကျွတ်ထွက်ကုန်အုန်းမယ်"

"ငါအားအများကြီးထည့်မထားဘူး!ပြီးတော့ လက်ဝါးအားလည်း သိပ်မပြင်းဘူး" လောင်မားက ဆိုဖာပေါ် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ပြီး ဧည့်ခန်းအလယ်ကို လက်ညိုးထိုးကာ "မင်းတို့နှစ်ယောက် ဒီနားမှာ လာရပ်ကြ၊ ငါမင်းတို့ကို မေးစရာရှိတယ်"

ဖုရိကျယ်က ကောင်းကောင်းသွားရပ်လိုက်သည်၊ ဖုခွင်းက အရင် ကိုယ့်နှာခေါင်းကိုယ် စမ်းကြည့်ကာ သွေးထွက်မထွက်ကို မှန်မှာ တစ်ချက်လောက် ကြည့်လိုက်ပြီး နှာခေါင်းတစ်ဖက်ကသွေးတွေကို ခပ်ဖွဖွသုတ်လိုက်ပြီး ဖုရိကျယ်ဘေးနားမှာ သွားရပ်လိုက်သည်

"ငါအရင်က မင်းတို့နှစ်ယောက်ကို ပြောဖူးတယ်မို့လား?" လောင်မားက သူတို့နှစ်ယောက်ကို ကြည့်ပြီး "ပြောဖူးတယ်လေ?"

"ဘာကိုပြောဖူးတာလဲ?" ဖုခွင်း အနည်းငယ် အူတိအူကြောင်နဲ့ မေးလိုက်သည်

"ငါပြောတာ ဘာကိစ္စပဲရှိရှိ အိမ်ကို ပြောပြရမယ်လို့!" လောင်မားက ထအော်လိုက်ပြီး "မင်းတို့နှစ်ယောက် တော်တော်ဟုတ်နေကြတယ်ပေါ့လေ၊ ဒီလောက်ကြီးတဲ့ကိစ္စကို ဖုံးကွယ်ထားကြတာ!ဘယ်လို အဆုံးသတ်ဖို့ စီစဉ်ထားတာလဲ!ဘယ်လိုအဆုံးသတ်ဖို့ စီစဉ်ထားတာလဲ!"

ဖုခွင်း ဒီစကားကို ကြားလိုက်ရမှ လောင်မားပြောနေတာ လွီရန်ချိုးရဲ့ကိစ္စမှန်း နားလည်သွားသည်၊ သူခေါင်းငုံ့ထားပြီး ဘာမှ ထပ်မပြောတော့ဘူး

ဖုရိကျယ်က နူတ်ခမ်း ကိုက်ကာ လောင်မားကို အကြာကြီးကြည့်နေပြီးမှ စကားတစ်ခွန်းကို ပြောလာသည် "သား သူနဲ့အတူ လိုက်မသွားဘူး၊ ပြီးတော့ သူမကို အသိအမှတ်လည်း မပြုဘူး၊ ဒီလို အဆုံးသတ်ဖို့ စီစဉ်ထားတယ်"
"အဲ့တာဆိုလည်းငါ့ကိုပြောလေ! အဲ့တာဆိုလည်းငါ့ကိုပြောလေ! အဲ့တာဆိုလည်းငါ့ကိုပြောလေ!" လောင်မားက ပြေးလာပြီး ဖုရိကျယ်ကို အော်လည်းအော် ရိုက်လည်းရိုက်ကာ ပြောနေသည် "ဒါတွေ ငါ့ကိုမပြောနိုင်ရအောင်! မင်းတို့နှစ်ယောက် ပြောချင်လာအောင် ငါမင်းတို့ကိုသေအောင် ရိုက်မှာ မကြောက်ဘူးလား"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now