အခန်း ၂၈

156 31 2
                                    

အခန်း ၂၈

ဖုခွင်း ဖုရိကျယ်ကို တင်ကာ ဆေးရုံကို တောက်လျှောက်မောင်းသွားပြီး သွားနေရင်းနဲ့ ခြေထောက်တွေ နာလာတဲ့အထိ အားထည့်မောင်းနှင်မိကာ ဖုရိကျယ်ကလည်း သူ့နောက်ကနေ သူ့အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း လိုက်လာသည်။

ဆေးရုံရောက်တော့ ဖုခွင်း စက်ဘီးရပ်လိုက်ရုံသာရှိသေး ဖုရိကျယ်က ဆေးရုံထဲကို ပြေးဝင်သွားသည်။

အရေးပေါ်ဌာနမှာ အတန်ကြာမေးမြန်းပြီးတော့မှ အရေးပေါ်ဌာနက သူနာပြုတစ်ယောက်က သူတို့ကို မနေ့က သွေးဗေဒဌာနက လူနာတစ်ဦးတော့ ဆေးရုံကို ပို့လာတယ်ဆိုတာကို ပြောပြလာသည်၊ လူနာက အခြေအနေမကောင်းဘူး၊ အခုဆေးရုံမှာ

ဗိုက်နာတာဆို ဘာကိစ္စကြောင့် ဆေးရုံတက်ဖို့လိုသွားတာလဲ? ဖုခွင်း အများကြီးထပ်မမေးတော့ဘဲ ဖုရိကျယ်ပြေးသွားတဲ့နောက်ကိုသာ လိုက်သွားလိုက်သည်။

သူတို့ ဆေးရုံရဲ့လေးထပ်မြောက်ကိုရောက်တော့ အတွင်းလူနာဌာနရဲ့ စင်္ကြံလမ်းမှာ စိတ်ပူပန်နေတဲ့ မျက်နှာနဲ့ ထိုင်နေတဲ့ ကျန်းချင်ခိုင်ကိုတွေ့လိုက်ရသည်။

"ရှဖေးကော!" ဖုရိကျယ်က မေးရင်း သူဆီလှမ်းသွားလိုက်သည်

"အိပ်နေပြီ၊ အခုလေးတင် အိပ်ပျော်သွားတာ" ကျန်းချင်ခိုင်က သက်ပြင်းမျင်းမျင်းလေး ချကာ ပြောလိုက်သည်

"ဘယ်လိုဖြစ်ရတာလဲ?" ဖုခွင်း သူ့ကိုကြည့်လိုက်တော့ သူ့မျက်နှာပေါ်က အုံ့ဆိုင်းနေတဲ့ အငွေ့အသက်တွေက သူ့ကိုတောင် ထိတ်လန့်စေသည်

"မင်းတို့လာတာအတော်ပဲ....ငါကို ကူပြီးစောင့်ပေးကြပါ" ကျန်းချင်ခိုင်က ထရပ်လိုက်ပြီး "ငါရှဖေးတို့အိမ်ကို သွားမလို့.....မဟုတ်ဘူး၊ အခုက အလုပ်တက်ချိန်ဆိုတော့ ငါ ဘက်စ်ကား ကုမ္ပဏီကို သွားလိုက်အုန်းမယ်"

"ဘာဖြစ်လို့လဲ!" ဖုရိကျယ်က သူ့လက်မောင်းကို လှမ်းကိုင်လိုက်ပြီး မေးလိုက်သည်

"အမြှေးပါးသွေးယိုတာက မရပ်ဘူးဖြစ်နေတယ်၊ အခုဆေးရုံမှာက Factor 8 မရှိဘူး....." ကျန်းချင်ခိုင်က ခက်ခက်ခဲခဲထုတ်ပြောလာပြီး သူ့အသံက တဖြည်းဖြည်းချင်း တိုးဝင်သွားကာ "တခြား ဆေးရုံတွေကလည်း ဒီကိစ္စနဲ့ အဆက်အသွယ် မရှိဘူး၊ အခု ငါရှာနေရင်းနဲ့ကို.....ဗိုက် ကပေါက်သွားပြီး....သူ့ဗိုက်တစ်ခုလုံး သွေးတွေနဲ့ပြည့်နေပြီ......"

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now