အခန်း ၅၇

146 28 0
                                    

အခန်း ၅၇

ဖုရိကျယ် ပြန်မပြောဘဲ သူ့မျက်နှာတစ်ဝက်ကို ကော်လာဖြင့်ဖုံးရင်း ကျန်းဆုန်းကိုကြည့်ရန် မျက်လုံးများကိုသာ ဖော်ထားလိုက်သည် ။

ကျန်းဆုန်း နဲ့ စကားစမြည်ပြောဖို့ သူ့မူလရည်ရွယ်ချက်က ဒီကောင်လေးက သူ့လျှို့ဝှက်ချက်ကို သိပ်ဂရုမစိုက်တာ ဘာကြောင့်လဲဆိုတာ သိဖို့ပါပဲ၊ လူတွေသွားလည်တဲ့ အင်တာနက်ကဖေးလို နေရာမျိုးတွေမှာ လိင်တူချစ်သူတွေသုံးတဲ့ ဝက်ဘ်ဆိုဒ်တွေကို ကြည့်တယ်၊ chat room တွေမှာတောင် စကားစမြည်ပြောကြတယ်... ကျန်းဆုန်းက ဘာကို အတိအကျ တွေးနေလဲ သိချင်ရုံသာ၊ သူ့ကိစ္စတွေကို ပြောပြဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေမယ့် ကျန်းဆုန်းက ဒီစကားကို ပေါ့ပေါ့ပါးပါး မေးခဲ့တယ်။

မြောက်လေက တိုက်နေသည့်တိုင် သူ ချွေးအနည်းငယ် ထွက်ကာ ချွေးစေးများပြန်နေ၏။

"မင်းအကြမ်းဖျင်း နားလည်သွားပြီလား" ကျန်းဆုန်းက ခဏစောင့်နေပြီး သူ နှုတ်ဆိတ်နေတာကိုတွေ့တော့ ပြုံးကာ "ဒါဆို ငါအရင်က ထင်ထားတဲ့အတိုင်းပဲ မင်းမှာ သဘောကျတဲ့သူရှိနေပြီး အဲ့ဒီလူက ယောကျာ်းလေးဖြစ်နေတာ၊ ဟုတ်လား "

ကျန်းဆုန်း ပြောတာကိုကြားတော့ ဖုရိကျယ်က ရုတ်တရက် စိတ်သက်သာရာရသွားတယ်၊ ကိုယ်ရေးကိုယ်တာ ဝန်ခံဖို့ထက် စကားလုံးတွေက ဒီအချက်ကို ရောက်နေပြီဆိုရင်ဘဲ မပြောဘဲ လက်ခံဖို့ ပိုလွယ်သွားတယ်။

ကျန်းဆုန်းသည် သူ့ကိုယ်ပိုင်ကိစ္စများကို ဖုံးကွယ်ထားခြင်းမရှိပေ။ ကျန်းဆုန်း၏မျက်လုံးထဲတွင် ဒါက ဖုံးကွယ်ထားရန်လိုသည့်အရာမဟုတ်သော်လည်း ဖုရိကျယ် ၏အမြင်မှာတော့ ထိုအရာများကို ထုတ်ပြောခြင်းမှာ သူ့တွင်မရှိသေးသော သတ္တိနှင့်ယုံကြည်မှုလိုအပ်သည်။

"မပြောချင်ရင်လည်း၊ ကိစ္စမရှိဘူး " ကျန်းဆုန်းက မတ်တပ်ထရပ်ပြီး "ဘက်စကတ်ဘောသွားကစားမှာလား ဒါမှမဟုတ် အိပ်ဆောင်ကိုပြန်အိပ်မလား။"

ကျန်းဆုန်းက ဇရပ်လေးထဲမှ ထွက်ကာ လမ်းလျှောက်ရင်း တောင်ပေါ်ကဆင်းရန် ပြင်လိုက်သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now