အခန်း ၃၂

142 30 1
                                    

အခန်း ၃၂

ဖုရိကျယ် နည်းနည်း ခေါင်းမူးလာတယ်လို့ ခံစားရတာကြောင့် နှာခေါင်းကို ဖိကိုင်ကာ ကုတင်ပေါ်ကနေ ခုန်ဆင်းကာ မတ်တပ်ရပ်လိုက်သည်၊ မတ်တပ်ရပ်ပြီး ဘယ်လောက်မှ မကြာသေး မထိန်းနိုင်ဘဲ ခုတင်စွန်းမှာ ထိုင်ချလိုက်မိသည်။

သူနှာခေါင်းကိုဖိထားပြီး ပြန်ထဖို့လုပ်စဉ်မှာပင် ဖုခွင်းက သူ့လက်ကိုဆွဲလိုက်သည်

သူလန့်သွားသည်၊ ဖုခွင်းခုနတုန်းက အိပ်ပျော်နေတာမို့လား၊ ဒါကလခွမ်းလို သူ့ဖာသူ ပြန်နိုးလာပြန်တာလား?

"ဘယ်ကိုပြေးမလို့လဲ" ဖုခွင်း ကုတင်ပေါ်မှာလှဲလျောင်းနေပြီး သူ့လက်ကိုဆွဲထားကာ ခေါင်းက ခေါင်းအုံးထဲကို တိုးလိုက်ပြီး ပါးစပ်ကနေ ပွစိပွစိနဲ့ပြောနေသည်

"ဖုခွင်း?" ဖုရိကျယ်က သူ့ကိုခဏစိုက်ကြည့်လိုက်မှ မျက်လုံးမဖွင့်ထားဘူးဆိုတာ တွေ့လိုက်သည်၊ အိပ်မက် မက်တာလား?

"........ပြေးရင် ရိုက်မှာနော်?"ဖုခွင်းက ထပ်ပြီး ရေရွတ်လာသည်

ဖုရိကျယ် သူအိပ်မက်မက်နေတယ်ဆိုတာကို သေချာသိသွားသည်၊ ဖုခွင်းက အိပ်မက်ယောင်ပြီး စကားပြောရတာ တော်တော်သဘောကျတာသည်၊ အများအားဖြင့် အားလုံးကို နားလည်နိုင်ပြီး တခါတလေဆို သီချင်းတွေပါ ဆိုသည်

"မပြေးပါဘူး" ဖုရိကျယ်က အသံတိုးတိုးနဲ့ပြောလိုက်ပြီး လက်ကို ဖြည်းဖြည်းချင်းဆီ ဆွဲထုတ်ကာ "ရိုက်ဖို့ အရည်အချင်းရှိရင် ငါ့ကိုလာရိုက်လေ၊ လာရိုက်လာ ...လာလေ.."

ဖုခွင်းက မနိုးလာဘူး၊ ဖုရိကျယ်က သူ့မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ရေချိုးခန်းကို ပြေးသွားသည်၊ အတန်ကြာအောင် ဆေးကြောလိုက်တော့ နှာခေါင်းသွေးလည်း မထွက်တော့သလို ခေါင်းမူးတာလည်း ပျောက်သွားသည်

ခေါင်းထဲ သွေးရောက်သွားလို့ ဖြစ်မယ်

ဖုရိကျယ်က သက်ပြင်းချလိုက်ပြီး မျက်နှာသုတ်ပဝါကို သယ်ကာ ပြန်လာခဲ့သည်

ရှဖေးတို့အိမ်ရှေ့ကိုရောက်တော့ သူခြေလှမ်းတွေကို ရပ်လိုက်ပြီး အတန်ကြာအောင် ရပ်နေမိသည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Onde histórias criam vida. Descubra agora