အခန်း ၄၀

113 28 0
                                    

အခန်း ၄၀

ဖုခွင်း ငယ်ကတည်းကနေ ကြီးလာတဲ့အထိ ပေါ့ပေါ့ပါးပါးသာ နေခဲ့ပြီး အိမ်ကလူတွေကလည်း သူ့အတွက် သိပ်ပြီး ဂရုစိုက်စရာမလိုခဲ့ဘူး၊ ပြီးတော့ သူဒီလိုမျိုး ကြီးကြီးမားမား မလုပ်ဆောင်ခဲ့ဘူးသဖြင့် လောင်မားနဲ့လောင်ပါးက ဒီနေ့ ဖုခွင်းရဲ့ပုံစံလိုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြဘူး။

ဧည့်ခန်းထဲမှာ အကြာကြီးမဆွေးနွေးလိုက်ရဘဲ ဖုခွင်းနဲ့ဖုရိကျယ်တို့ အိပ်သွားတော့ လောင်မားနဲ့ပါးက သူတို့အခန်းထဲဝင်ပြီး ဆက်ဆွေးနွေးနေကြသည်

ဖုခွင်း လှဲလိုက်ပြီး နှစ်မိနစ်တောင်မကြာသေး အိပ်ပျော်သွားသည်၊ ဒီကိစ္စကို သူ့စိတ်ထဲမှာ တင်းကျပ်နေတာကြာပြီ ဒီနေ့ပြောထုတ်လိုက်ပြီဆိုတော့ သူ့လွှတ်ချလိုက်သလိုခံစားရပြီး နောက်ဆုံး အဆုံးသတ်က ဘယ်လိုဖြစ်နေပါစေ သူဂရိုမစိုက်တော့ဘူး

ဖုရိကျယ် သူ့ဘေးနားမှာ ထိုင်နေပြီး စာဖတ်နေပေမယ့် ဘယ်လိုမှ စိတ်မဝင်စားဘူး၊ ဒီတစ်ပတ်လုံးသူ စာလေ့လာတာကိုပဲ အာရုံထည့်ထားခဲ့ပြီး အခု စာမေးပွဲပြီးတော့ ဖိအားတွေ မရှိတော့သလိုပင်၊ သူအိပ်လို့လည်းမပျော်ဘူး ကြည့်ရတာ သူစိတ်လှုပ်ရှားတဲ့ကိစ္စအတွက် ဆေးသောက်ဖို့ လိုနေပြီထင်တယ်

သူ အခုတလော ဖုခွင်းဒီလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို မမြင်ရတာ ကြာပြီ

ဖုခွင်း လေးလေးနက်နက်မရှိဘဲ ကြီးပြင်းလာတယ်လို့ ပြောကြပေမယ့် တကယ်တော့ သူက အဲ့လိုလူမဟုတ်ဘူး

ဖုရိကျယ်အတွက် ဖုခွင်းက လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ အကြောက်အရွံ့ကင်းတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပေမယ့် အခု တဖြည်းဖြည်းနဲ့ဖုခွင်းက ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲလာတာကို တွေ့ရသည်

ဥပမာ ဒီနေ့ပဲကြည့် ဖုခွင်း ဘဏ်စာအုပ်ကို ထုတ်ယူလာတဲ့အချိန်တုန်းက မျက်နှာပေါ်မှာ မုန်ကုပ်ကုပ် အပြုံးတစ်ခုသာရှိသည်၊ ဒါပေမယ့် ကိစ္စကို ထုတ်ပြောလာတဲ့အချိန်ကြတော့ ဆုံးဖြတ်ချက်ကို မပြင်ဘူးဆိုတဲ့ ခိုင်ကြည်တဲ့စိတ်ဓါတ်ကို သူ့မျက်လုံးထဲကနေ တွေ့နေရသည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now